26 April 2024

——————————-

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂

.

ထိုင်းနိုင်ငံ စမုပရာကန်ခရိုင် ပါနမ်းဈေးမှာလုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအမျိုးသမီးတစ်ဦး လမ်းဖြတ်ကူးစဉ်ဆိုင်ကယ်ဝင်တိုက်မိပြီး ဒဏ်ရာအပြင်းထန်ရသွားတယ်ဟု ပါနမ်းကယ်ဆယ်ရေးအဖွဲ့ထံကသိရပါတယ်။း

.

အမျိုးသမီးကိုတိုက်သွားတဲ့ဆိုင်ကယ်မှာ အကြီးစားဆိုင်ကယ်အမျိုးအစားဖြစ်ပြီး၊ လူကိုတိုက်မိပြီးနောက်မောင်းပြေးသွားတယ်လို့ဆိုပါတယ်။ မြန်မာအမျိုးသမီးမှာဆိုင်ကယ်တိုက်ပြီး လဲကျတဲ့အရှိန်ကြောင့် ဆေးရုံမှာ ဦးနှောက်သွေးခဲ့ခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းနှင့်နားမှာသွေးထွက်ရောဂါဖြင့်ကုသမှု ခံယူနေရပါတယ်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကဖြစ်ပွားခဲ့တာပါ။ ပါနမ်းဈေးထဲမှာ ဈေးရောင်းနေတဲ့အမေဖြစ်သူထံသွားဖို့ လမ်းကူးရာမှာအရှိန်နဲ့မောင်းနှင့်လာတဲ့ Big Bike ဆိုင်ကယ်က သူမကိုဝင်တိုက်သွားတာဖြစ်ပါတယ်။

“သမီးကကျမဆီကိုလာဖို့ လမ်းကူးတဲ့နေရာမှာ ဆိုင်ကယ်ဝင်တိုက်သွားတယ်။ ဆိုင်ကယ်သမားကတိုက်ပြီးတာနဲ့ထွက်ပြေးသွားတယ်။ ဆင်းကြည့်မယ်၊ ပါမယ်၊ လူသားချင်းစာနာစိတ်မရှိဘူးရှင့်၊ အခုတော့သမီးအတွက် ကုသစရိတ်ကအရမ်းများနေတယ်၊ ကျမလဲမတတ်နိုင်ဘူး၊ ဆိုင်ကယ်သမားကိုတော့ ဖမ်းပေးဖို့တိုင်ကြားထားတယ်” ဟု အမေဖြစ်သူက သတင်းထောက်တွေကိုပြောပါတယ်။

ပါနမ်းရဲစခန်းက ဆိုင်ကယ်သမားကိုဖမ်းဆီးအရေးယူနိုင်ဖို့ မောင်းပြေးသွားတဲ့ လမ်းတလျှောက်ကို CCTV နဲ့ခြေရာခံ စုံစမ်းနေတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS