27 April 2024

ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၂

မဲဆောက်-မြဝတီနယ်စပ်တံတားက ဖွင့်ပေးတာကြာပြီ၊ ထိုင်းဘက်တော့ဖွင့်ထားတယ်။ မြန်မာဘက်က ဘာမှတော့မပြောသေးဘူးလို့ မဲဆောက်လဝကတစ်ဦးကဆိုပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဂိတ် လာမည့် ဇန်နဝါရီလ ၁ ရက်နေ့မှာ ဖွင့်ပေးဖို့ရှိတယ်ဟု လူမှုကွန်ရက်များပေါ်မှာရေးသားနေကြပေမယ့်၊ တံတားထိပ်က ထိုင်းလဝကတစ်ဦးကိုမေးကြည့်တော့ “နယ်စပ်တံတားက ထိုင်းဘက်ကဖွင့်ပေးတာကြာပြီ၊ ဟိုဘက်ပဲ မဖွင့်သေးတာ၊ ၁ ရက်နေ့လဲ မသိရသေးဘူး၊ မြန်မာဘက်က ဘာမှအကြောင်းကြားလာတာမတွေ့ရသေးဘူး” လို့ ဆိုပါတယ်။

“နယ်စပ်တံတားမှာ ကိုဗစ်ဖြစ်ကတည်းက ပိတ်ထားတာ ၃ နှစ်လောက်ရှိနေပြီ၊ အဲဲဒါကြောင့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ မဲဆောက်မြို့ သက်ဆိုင်ရာအားလုံး Big Cleaning သွားလုပ်ကြတာပါ။ တံတားဖွင့်မယ့်ကိစ္စကတော့ ပြောရခက်တယ်။ နှစ်သစ်ကူးမှာစောင့်ကြည့်ရလိမ့်မယ်၊ ဘာကြောင့်လဲဆိုတော့ ဟိုဘက်မှာ တိုက်ပွဲဖြစ်နေသေးတယ်လေ၊ နှစ်သစ်ကူးကျော်ရင် သတင်းကောင်းတော့ ကြားရလိမ့်မယ်လို့ ခန့်မှန်းထားတယ်” ဟု မဲဆောက် အာဏာပိုင်တစ်ဦးပြောပါတယ်။

ကိုဗစ်၁၉ အခြေအနေကို ထိုင်းဘက်ကဖြေလျှော့မှုပေးထားပြီးနောက် ထိုင်းနိုင်ငံနယ်စပ်အားလုံးဖွင့်ပေးထားပေမယ့်၊ မြန်မာ-ထိုင်းနယ်စပ်ကတော့ ခုချိန်ထိပိတ်ထားဆဲဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS