25 April 2024

ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၂

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ဘက်မှာ ဒီဇင်ဘာလ ဒုတိယအပတ်ကနေစပြီး ဒီကနေ့အထိ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပါတယ်။ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာ ၁၀ ရက်ရှိလာပြီဖြစ်သလို ကျုံဒိုးကျေးနယ်အထိစစ်မျက်နှာကျယ်ပြန့်လာနေတယ်လို့ ‌စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောပါတယ်။

ကော့ကရိတ် -မြ၀တီ အာရှ လမ်းသစ်လမ်းပိုင်း ၊ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းမှာစစ်ကောင်စီ လက်နက်ကြီး ၊လေယာဉ်၊ သံချပ်ကာယာဉ် တို့နဲ့ KNLA ပူးပေါင်းတပ်တွေရှိတဲ့နေရာတွေဘက်မှာ တိုက်ပွဲတွေ နေ့/ည ဖြစ်ပွားနေတာပါ။

ကော့ကရိတ်မြို့အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေ စစ်ရေးတင်းမာနေသလို နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေတဲ့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီက ဒေသခံကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်လို့ အရပ်သားပြည်သူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ထိမှန်သေဆုံးတာ၊ နေအိမ်တွေပါ ထိမှန်ပျက်စီးတာတွေ ရှိပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီက ကော့ကရိတ်-မြဝတီ(အာရှ)လမ်းကို ဒီနေ့အထိ ပိတ်ထားတဲ့အတွက် ခရီးသွားပြည်သူတွေနဲ့ နယ်စပ်ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ခဲ့ပါတယ်။

လမ်းပိတ်တာကြာတော့ ရာနဲ့ချီတဲ့ ခရီးသည်ကားတွေမှာ မစောင့်နိုင်တော့တာကြောင့် ဖုံအလိမ့်လိမ့်ထူထပ်တဲ့ ထော့်ကော်ကိုးလမ်း လဘက်ကို ကုန်တင်ယာဥ်အချို့ သွားလာနေကြပေမယ့် လမ်းကအတော်ကြမ်းတော့ ခရီးမရောက်ဘဲ ကားပျက်လိုက်ပြင်လိုက်နဲ့သွားနေရတယ်လို့ မြဝတီကားသမားတစ်ဦးထံကသိရပါတယ်။
.
မြဝတီကနေ ဘားအံကိုသွားမည့် အာရှလမ်းမှာ ယခုနှစ်အတွင်း တိုက်ပွဲများကြောင့် လမ်းပိတ်ခြင်းများ မကြာခဏဖြစ်လေ့ရှိပြီး ဒီဇင်ဘာ ၂၁ ရက်ညမှာတော့ အာရှလမ်းပေါ်၌ ကုန်တင်ယာဥ်နှစ်စီးနဲ့ ကန့်လန့်ပိတ်တာတွေရှိလာတယ်လို့ သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ
ဓါတ်ပုံ – CJ

SHARE THIS NEWS

OTHER NEWS