19 April 2024

——————————

ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂၂

ထိုင်း-မြန်မာနယ်စပ် ပရာကျွှတ်ခရီခမ်ခရိုင်တွင် တရားမဝင်မြန်မာ ၃၅ ယောက်နှင့် လမ်းပြ ၆ ယောက်အပါဝင် မူးယစ်ဆေးဝါး (အိုက်စ်) ၂ ကီလိုဂရမ် တန်ဘိုး ၂.၄ သန်းကို နယ်ခြားစောင့် ထိုင်းအာဏာပိုင်များက ဖမ်းမိထားတယ်ဟု ခေါင်စွတ် သတင်းကဖော်ပြထားပါတယ်။

သံသယဖြစ်စရာ ဟိုင်းလတ်ကား ၂ စီးကို ထိုင်းအာဏာပိုင်တွေက ခေါ်ယူစစ်ဆေးရာ ကားထဲမှာတရားမဝင်မြန်မာ ၃၅ ယောက်အပြင် လမ်းပြ ၆ ယောက်ကိုတွေ့ရှိခဲ့တာဟု ဆိုပါတယ်။

မြန်မာ ၃၅ ယောက်မှာ အမျိုးသား ၂၇ ယောက်နှင့် အမျိုးသမီး ၈ ယောက်ဖြစ်ပါတယ်။ သူတို့အိတ်တွေကို ရှာဖွေစစ်ဆေးလိုက်တော့ အသက် ၂၇ နှစ်ရှိတဲ့ မြန်မာနိုင်ငံသား ၁ ယောက်ရဲ့ အိတ်ထဲမှာ ၁ ကီလိုဂရမ် (အိုက်စ်) ၂ ထုပ်ကိုတွေ့ရှိခဲ့တာဖြစ်ပြီး၊ တန်းဘိုမှာ ထိုင်းဘတ်ငွေ ၂.၄ သန်းလောက်ရှိတယ်လို့ သိရပါတယ်။

မြန်မာ ၃၅ ယောက်ကို စစ်ဆေးမေးမြန်းချက်အရ သူတို့တွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ရန်ကုန်နှင့်ထားဝယ်ကနေ လာခဲ့ကြောင်းသိရပါတယ်။ ထိုင်းလာဖို့ ပွဲစားကို ၁ ယောက်လျှင် ဘတ် ၂ သောင်းပေးခဲ့ရပြီး၊ အိမ်ကနေ စထွက်ကတည်းက ပေးခဲ့ရကြောင်း ဆိုပါတယ်။

ထိုင်းအာဏာပိုင်များက ဖမ်းမိထားတဲ့ တရားမဝင်မြန်မာ ၃၅ နှင့် လမ်းပြထိုင်းနိုင်ငံသား ၆ ယောက်အပါဝင် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုပါ၊ ထပ်မံစစ်ဆေးမှုပြုလုပ်ပြီး ဥပဒေအရဆောင်ရွက်သွားမည်ဟု သိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – khaosod

SHARE THIS NEWS

OTHER NEWS