24 March 2024

——————————

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၃

.

ဘုရားသုံးဆူမြို့နယ် တောင်စွန်းမှာရှိတဲ့ BGF စခန်းကို စစ်ကြောင်းနှစ်ခုပူးပေါင်းဝင်တိုက်တာကြောင့် ဒီကနေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ သိရပါတယ်။ Lion Battalion Commando ဗျူဟာစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေက ဝင်တိုက်တာပါ။ ဇန်နဝါရီလ ၃ ရက် ၂၀၂၃ အထိ တိုက်ပွဲတွေဆက်လက်ပြင်းဖြစ်ပွားနေပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၃ ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီဘက် လေကြောင်းနဲ့ ကူးပစ်နေတယ်လို့ Lion Battalion Commando က ထုတ်ပြန်ပါတယ်။ ၃ ရက်တာ တိုက်ပွဲမှာ BGF စခန်းအချို့ကိုသိမ်းပိုင်းနိုင်ခဲ့ပြီး၊ စစ်ကောင်စီတပ်စခန်းတစ်ခုကို ထပ်သိမ်းပိုက်နိုင်ဖို့ တိုက်နေတယ်လို့ဆိုပါတယ်။ တိုက်ပွဲအတွင်း နှစ်ဖက်လုံး အကျအဆုံးရှိတယ်လို့ သိရပါတယ်။

ဒီတိုက်ပွဲကြောင့် ဒေသခံ ၁၅၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံလေးဦး ဗုံးစထိမှန်ဒဏ်ရာရထားသလို လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့နဲ့ ဘုန်းကြီးကျောင်းဆောင်တစ်ခု ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

ထို့အတူ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးကျေးနယ် ကော့ဝါလဲကျေးရွာအတွင်း အလှူလုပ်နေတဲ့ နေအိမ်တစ်လုံးကိုစစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်သဖြင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရသွားခဲ့ကြပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့မှာဖြစ်ပွားခဲ့တာပါ။ ကျရောက်တဲ့ ကျည်မှာမပေါက်ကွဲလို့ ဒဏ်ရာတွေသာရသွားခဲ့ကြပါတယ်။ ပေါက်ကွဲခဲ့ရင်တော့ သေဆုံးသူရှိလာနိုင်တယ်လို့ ကော့ဝါလဲကျေးရွာခံ ၁ ဦးကဆိုပါတယ်။

လက်ရှိအချိန်ထိ ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတာကြောင့် မြဝတီလမ်းအတိုင်းထိုင်းကိုစေလွှတ်မယ့် MOU အလုပ်သားတွေကို ကော့သောင်းဘက်ကသွားနေရတယ်လို့ အေဂျင်စီများထံကသိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – CJ

SHARE THIS NEWS

OTHER NEWS