19 April 2024

——————-

ဗန်ကောက် ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၃

ထိုင်းရှိစက်ရုံတွေမှာ မြန်မာလုပ်သား ၁၀၀၀ အထက်ရှိသော နေရာများကို အလှည့်ကျစာအုပ်လိုက်လုပ်ပေးမည်ဟု ဗန်ကောက်မြို့ရှိ၊ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။

၂၀၂၂ နှင့် ၂၀၂၃ တွင် သက်တမ်းကုန်တော့မည့် PJ (အလုပ်အကိုင်) စာအုပ်အမျိုးစားကို Mobile Taem (ရွေ့လျား) စနစ်ဖြင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ဆောင်ရွက်ပေးသွားမည်ဟု သိရပါတယ်။

ထိုကြောင့် စက်ရုံရှိ အလုပ်သမားခေါင်းဆောင်တွေအနေနဲ့ စာရင်းပြုစုပြီး၊ ဗန်ကောက်မြန်မာသံရုံးမှာ ၂၀-၁-၂၀၂၃ ရက်နေ့ နောက်ဆုံးထားပြီး ကောင်စစ်တာဝန်ခံ အရာရှိ ဒေါ်ခင်မာလာဝင်းထံ ပေးပို့ရမှာဖြစ်ပါတယ်။

အဲဒီနောက် စက်ရုံ/ အလုပ်ရုံများမှ တာဝန်ရှိသူများကို ၂၃-၁-၂၀၂၃ ရက်နေ့တွင် ဗန်ကောက်မြို့၊ မြန်မာသံရုံးတွင် အားလုံးတွေ့ဆုံပြီး အလှည့်စနစ်ကို မဲနှိုက်ကာ ရက်သတ်မှတ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာလုပ်သား ၁၀၀၀ ဉီးအောက် စက်ရုံ၊ အလုပ်ရုံများကိုတော့ သံရုံးမှာပဲ အလှည့်ကျခေါ်ယူကာ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS