26 April 2024

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတား (မယ်ဆိုင်-တာချီလိတ်) ကို ပြန်လည်ဖွင့်လှစ်နိုင်ရန် အတွက် အဆိုပါနယ်စပ်ဖြတ်ကျော်ဂိတ်ရှိ ဝန်ထမ်းအင်အားအပါအဝင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးရန် အဆင်သင့်ဖြစ်မှုရှိမရှိ နေပြည်တော်သို့အစီရင်ခံရန် ယမန်နေ့တွင် ဗဟိုမှအမိန်စာ တစ်စောင် ရောက်ရှိလာသည်ဟု ထိုင်းသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထိုင်း-မြန်မာချစ်ကြည်ရေး အမှတ် ၁ တံတား (မယ်ဆိုင်-တာချီလိတ်) သည် လူဖြတ်သန်းသည့်တံတား ဖြစ်ပြီး ကုန်စည်ဖြတ်သန်းသော အမှတ် ၂ တံတားမှာ ဖွင့်လှစ်ထားဆဲဖြစ်သည်ဟု သိရသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS