25 April 2024

,

ဟုတ်ပါတယ် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က အဆီတွေကို ကောင်းကောင်း လောင်ကျွမ်းစေနိုင်ပါတယ်။ အစားအသောက်မျိုးစုံက အဆီတွေကိုလောင်ကျွမ်းစေနိုင်ပြီး တင်းရင်းလှပတဲ့ခန္ဓာကိုယ်ကို မလွဲမသွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ဇီဝဖြစ်စဉ်ကိုအားကောင်းစေပြီး ခန္ဓာကိုယ်ကအဆီတွေကို ကောင်းစွာလောင်ကျွမ်းစေမယ့် အစားအစာ (၆) မျိုးကိုစုစည်းပြီးမျှဝေပေးလိုက်ပါတယ်။

၁။ သံပုရာရည်

သံပုရာရည်သည် ဗီတာမင် C ကြွယ်ဝသော အချိုရည်ဖြစ်ပါတယ်။ သံပရာရည်သောက်တာက ခန္ဓာကိုယ်မှာ ရှိတဲဆဲလ်တွေကိုရေဓာတ်ဖြည့်ပေးပါတယ်။ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကျဆင်းခြင်းမှလဲကာကွယ်ပေးပါတယ်။ ဒါကြောင့်မိန်းကလေးတွေ  ခန္ဓာကိုယ်ထဲကအဆီတွေကို ထိရောက်စွာ လောင်ကျွမ်းဖို့ သံပုရာရည်ကို နေ့စဉ်သောက်ရန် အကြံပြုထားပါတယ်။ မနက်အိပ်ယာထပြီးနောက် အူလမ်းကြောင်း detox လုပ်ပေးတဲ့ နည်းလမ်းဆိုလဲမမှားပါဘူး။

၂။ Greek ဒိန်ချဉ်

Greek ဒိန်ချဉ်သည် ပရိုတင်းဓာတ်မြင့်မားပြီး ဤအာဟာရဓာတ်အမျိုးအစားသည် ကြွက်သားတည်ဆောက်ရာ တွင်ကူညီပေးပါတယ်။ ကြွက်သားများကိုကောင်မွန်းစွာ အဆီလောင်ကျွမ်းရာတွင် အထောက်အကူဖြစ်ပေး ပါတယ်။ Greek ဒိန်ချဉ်မှာ probiotics ဓာတ်တွေ ပါဝင်ပါတယ်။ သရေစာအဖြစ် (သို့မဟုတ် ) လေ့ကျင်ခန်းလုပ် ပြီးရင်စားမယ်ဆိုရင်လဲ အကောင်းဆုံးသရေစာဖြစ်ပါတယ်။ ကိုယ်အလေးချိန်တက်မှာကိုလဲ စိတ်ပူစရာမလို ပါဘူး။

၃။ ဘလူးဘယ်ရီ

ဘလူးဘယ်ရီသီးမှာ antioxidants (ခေါ် ) ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးနိုင်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါဝင်ပါတယ်။ ဒီဓာတ်က ခန္ဓာကိုယ်ထဲကအဆီတွေကိုကောင်းကောင်းလောင်ကျွမ်းဖို့ ကူညီပေးတဲ့ ဂုဏ်သတ္တိရှိပါတယ်။ အသီးကအရသာလည်းရှိပြီးစားပြီးရင်လူကိုလန်းဆန်းစေပါတယ်။ ဘလူးဘယ်ရီးအသီး ကို ဖျော်ရည်ပြုလုပ်ပြီးသော်လည်ကောင်း ဒါမှမဟုတ် အသုပ်တွေထဲမှာထည့်ပြီးစားနိုင်ပါတယ်။

၄။ မှို

မှိုအမျိုးမျိုးမှာ ဗီတာမင် D ကြွယ်ဝပါတယ်။ ဗီတာမင် D သည် ခန္ဓာကိုယ်အဆီများကို လျှော့ချပေးနိုင်သည့် အာဟာရတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် သွေးဆုံးတဲ့အမျိုးသမီးများ၏ခန္ဓာကိုယ်အတွက်ဖြစ်ပါတယ်။

၅။ Broccoli (ခေါ် ) ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းနှင့် ကိုက်လန်မှာ အင်ဒို-၃-ကာဘင်နော ကြွယ်ဝပါတယ်။ ဒီဓာတ်က xenoestrogen ကို တိုက်ဖျက်ရာမှာ ကူညီပေးတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်တွင်း အီစထရိုဂျင်ကို အတုခိုးတဲ့ အဆိပ်အတောက်အဖြစ် လူသိများပါတယ်။ဤအဆိပ်အတောက်အမျိုးအစားသည် ခါးတစ်ဝိုက်ရှိ အဆီများနှင့် ကင်ဆာကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် အဆီလောင်ကျွမ်းဖို့ ပန်းဂေါ်ဖီစိမ်းနှင့် ကိုက်လန် စာပေးသင့်ပြီး ကင်ဆာဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။

၆။ ဆော်လမွန်ငါး

ဆော်လမွန်းငါးတွင် အိုမီဂါ-၃ ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။ ကောင်းသောအဆီကိုဖြစ်စေပြီး မကောင်းတဲ့ အဆီကိုလောင်ကျွမ်းစေဖို့အတွက်ကြွက်သားတည်ဆောက်ရာမှာကူညီပေးတဲ့ ဖက်တီးအက်ဆစ်ဖြစ်ပါတယ်။ သို့သော်လည်း ဆော်လမွန်ငါးကို မျှတစွာစားရန်အကြုံပြုထားသည့်အစားအစာတစ်ခုဖြစ်နေဆဲဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲကအဆီတွေ အကုန်အလွန်အကျွံ မလောင်ကျွမ်းရန်အတွက်ဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS