“အိုက်ခိုင်”ဆီမှ ကံကောင်းခြင်းများရကြတဲ့ မစ္စဆူပတ်ထရာအီမ်ခိမ်နှင့် မစ္စတာဆာနိုကိုဒန်တို့မိသားစုသည် အိုက်ခိုင်အတွက် စစ်ဝတ်စုံဝတ်ထားသည့် ကလေးအရုပ်များ ၊ ကြက်ရစ်ရုပ်များ ၊ ကလေးကစားစရာများ နှင့် လက်ဆောင်ပစ္စည်းများကိုယူဆောင်လာခဲ့ကြပါတယ်။ အိုက်ခိုင်အတွက်မီးရှူးမီးပန်း ၂၀,၀၀၀ ဖောက်ကာ အကသမားများနှင့်အတူလာရောက် ဖျော်ဖြေကပြခဲ့ကြပါတယ်။
မေးမြန်းခဲ့ရာ မစ္စ ဆူပတ်ထရာက ချောင်ဟော့လမ်လူကာဒေသတွင် အထည်ရောင်းသည့် အသက်မွေး ဝမ်းကြောင်းရှိကြောင်း ပြောကြားခဲ့ပါတယ်။ အိုက်ခိုင်ဆီမှ ဂဏန်းများအမြဲလာတောင်းပြီးထီလက်မှတ် ဝယ်ကံစမ်းရာမှ ဘတ်ငွေသန်းနဲ့ချီပြီးကံကောင်းလာခဲ့တယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့လတွေအတွင်း စုစုပေါင်း ဘတ်ငွေ ၁သန်းနီးပါးရရှိခဲ့ကြောင်းဆိုပါတယ်။ အိုက်ခိုင်ကိုကတိပေးထားခဲ့တဲ့တိုင်းလှူဖွယ်ပစ္စည်းများကိုယူ ဆောင်လာခဲ့ကြတာဖြစ်ပါတယ်။ အိုက်ခိုင်ကိုမီးရှူးမီးပန်းများနှင့်ပူဇော်ပြီးနောက်ပိုင်း ၁ရက်နေ့ ၂လပိုင်း အတွက် မီးရှူးမီးပန်းအမြီးမှရလာတဲ့ဂဏန်းကတော့ 26 နှင့် 869 ဂဏန်းများဖြစ်ပါတယ်။