25 April 2024

ပင်လယ်ပြင်ထဲတွင် ၂၄ ရက်ကြာပြီးနောက် ကယ်ဆယ်နိုင်ခဲ့သည့်အမျိုးအသားတစ်ဦးသည် ခရမ်းချဉ်သီးဆော့စ် နှင့် ဟင်းခတ်အမွှေးကြိုင်များကိုသာ စားခြင်းဖြင့် အသက်ရှင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။

ဖရန်ဆွာကို ကိုလံဘီယာနိုင်ငံ Puerto Bolívar ဆိပ်ကမ်းမြို့ကနေ ရေမိုင် ၁၂၀အကွာတွင် ရွက်လှေတစ်စီးရဲ့ကိုယ် ထည်ပေါ်တွင် “အကူအညီ” ဟူသော စာလုံးကို ကိုလံဘီယာရေတပ်ကနေ တွေ့ရှိပြီးနောက်သွားရောက်ကယ် ဆယ်ခဲ့ကြောင်း ကြာသပတေးနေ့တွင်ထုတ်ပြန်ခဲ့ပါတယ်။

ဒိုမီနီကာကျွန်းနိုင်ငံမှ ဇာတိဖြစ်သော အသက် 47 နှစ်ရှိ ဖရန်ဆွာသည် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတုန်းက စိန့်မာတင်ကျွန်းအနီး သူ၏လှေကိုပြုပြင်နေချိန်တွင် ရာသီဥတုဆိုးရွားတဲ့အခြေအနေကြောင့် ပင်လယ်ပြင်သို့ မျှောပါသွားခြင်းကိုခံခဲ့ရပါတယ်။ ကိုလံဘီယာရေတပ်ကနေပြီးတော့ ဖရန်ဆွာသည် “လမ်းကြောင်းရှာဖွေခြင်း ဆိုင်ရာအသိပညာ” မရှိကြောင်းမှတ်ချက်ပြုခဲ့ကြပါတယ်။

ပင်လယ်ပြင်ထဲတွင် ၂၄ ရက်ကြာ မြေမရှိ ၊ ဘယ်သူနဲ့မှစကားပြောလို့မရ ၊ ဘာလုပ်ရမှန်းလဲမသိ ၊ ကြမ်းတမ်းခဲ့ ပါတယ်” ဟု ရေတပ်မှထုတ်လွှတ်သော ဗီဒီယိုတစ်ခုတွင် ဖရန်ဆွာကပြောကြားခဲ့ပါတယ်။ “ အဲဒီအချိန်မှာ မျှော်လင့်ချက်မဲ့ခဲ့ပြီး ငါ့မိသားစုအကြောင်းကိုပဲ့တွေးနေခဲ့ပါတယ်။ “ ဖရန်ဆွာသည် သူငယ်ချင်းများနှင့်လုပ်ဖော် ကိုင်ဖက်များကိုဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ပင်လယ်ပြင်ထဲတွင်ဖုန်းလိုင်းများမမိတဲ့အတွက်ဆက်သွယ် မှုပြတ်တောက်ခဲ့ကြောင်းထပ်မံပြောကြားခဲ့ပါတယ်။ “ထိုင်စောင့်နေရုံကလွဲလို့ တခြားဘာမှမလုပ်နိုင်တော့ဘူး “ လို့ ဖရန်ဆွာကဆိုပါတယ်။

ပင်လယ်ပြင်မှာ အသက်ရှင်သန်ဖို့အတွက် လှေပေါ်တွင်ပါလာတဲ့ ခရမ်းချဉ်သီးဆော့စ် ၊ ကြက်သွန်ဖြူမှုန့်များ နှင့် Maggi အသင့်စားစွတ်ပြုတ်ပဲ့ရှိခဲ့ပါတယ်။ ဒါကြောင့် ရေနည်းနည်းနဲ့ရောပြီး စားသောက်ခဲ့ပါတယ်လို့ဆိုပါတယ်။ သောက်ဖို့အတွက်ရေကိုကတော့ အဝတ်တစ်ထည်နဲ့မိုးရေကိုစုဆောင်းခဲ့တယ်လို့ပြောပါတယ်။

ဖရန်ဆွာသည် ကျန်းမာရေးကောင်းမွန်သော်လည်း ကိုယ်အလေးချိန်လျော့ကျသွားခဲ့ပါတယ်။ ဖရန်ဆွာကို ကယ်ဆယ်ပြီးနောက် ဆေးစစ်မှုခံယူပြီး ၎င်း၏ဇာတိနိုင်ငံသို့ပြန်လည်ပို့ဆောင်ရန်စီစဉ်နေသော လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင် များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား ခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS