19 April 2024

ဗန်ကောက် ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၃

ဇန်နဝါရီလ ၁၇ ရက်နေ့မှာဖြစ်ပွားတဲ့ ဆီတင်သင်္ဘောပေါက်ကွဲမှုမှာ သေဆုံးသွားတဲ့ မြန်မာလုပ်သား ၇ ဦး၊ သတင်းထွက်နေတဲ့ နစ်နာကြေး ၈ သိန်းကျော် လက်ထဲကိုမရောက်သေးဘူးဟူ မိသာစုဝင်တွေကနေပြော

ထိုင်းနိုင်ငံ စမုဆုန်ခရာမ်ခရိုင် စမုဆုန်ခရာမ်မြို့နယ်၊ လဲယိုင်ကျေးအုပ်စုတွင် ကမ်းကပ်ရပ်နားထားတဲ့ Smooth Sea 22 Bangkok ဆီတင်သင်္ဘောမှာ ပြုပြင်နေစဥ်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် အလုပ်သမား ၈ ဦးသေဆုံးမှုရှိခဲ့ပြီး၊ ၄ ဦးမှာထိခိုက်ဒဏ်ရာရသွားကြပါတယ်။

သေဆုံးသူ လူ ၈ ဦးထဲတွင် မြန်မာလုပ်သား ၇ ဦးနှင့် ထိုင်းနိုင်ငံ ၁ ဦးဖြစ်ပြီး၊ ထိခိုက်သူ ၄ ဦးထဲတွင် မြန်မာ ၃ ဦှးနှင့် ထိုင်းနိုင်ငံ ၁ ဦးလို့ စမုဆုန်ခရာမ်ခရိုင်ပြန်ကြားရေးဘက်က ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

သေဆုံးသူရဲ့ ကျန်ရစ်မိသားစုဝင်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက် ၂၀၂၃ တွင် ထိုင်းအလုပ်သမားဆိုင်ရာအဖွဲ့အစည်းတွေ ဘတ် ၈ ကျော်ရေးထားတဲ့ ဆိုင်းဘုတ်ကြီးတွေနဲ့ သေဆုံးသူနစ်နာကြေးအတွက် ပေးအပ်ခဲ့တယ်လို့ ပုံနှင့်တကွ သတင်းတွေထွက်ပေါ်နေပေမယ့် အဲဲဒီငွေတွေက မိသားစုဝင်များထံ ရောက်မလာသေးဘူးဟု Myanmar Live ကိုပြောပါတယ်။

“သတင်းထဲမှာ သေဆုံးသူ၏မိသားစုဝင်တွေ နစ်နာကြေး ဘတ် ၈ သိန်းကျော်ပေးတယ်လို့ပြောကြတယ်။ ဒါပေမဲ့ အဲဒီငွေတွေက လက်ထဲကို တပြားမှမရောက်သေးဘူး။ ဟိုအခင်းဖြစ်ပွားပြီးတဲ့ နောက် ၂ ရက်လောက်လားမသိဘူး ငွေ ၅ သောင်းလာပေးသွားတာရှိတယ်။ ဒါပဲရသေးတယ် ကျန်တာမရသေးပါဘူး၊ ရွာထဲမှာတော့ သတင်းတွေပြန့်နှံ့နေပြီး” လို့ အခင်ဖြစ်ပွားတဲ့နေ့တွင် သေဆုံးသွားတဲ့မြန်မာလုပ်သား ကိုပိုက်ထွေး ရဲ့ညီမဖြစ်သူ နန္ဒာအောင် က Myanmar Live ကိုပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့မှာ သေဆုံးသွားတဲ့ လူ ၈ ဦးထဲတွင် လူ ၂ ဦးရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ ကိုပိုက်ထွေးနဲ့ မောင်ကိုဖြိုး ရုပ်အလောင်းဖြစ်ပါတယ်။ ကျန်တဲ့ ၆ ဦးကိုတော့ ဇန်နဝါရီလ ၁၈ ရက် ၂၀၂၃ တွင် ရှာတွေ့ခဲ့တာပါ။ ကိုပိုက်ထွေးနဲ့ မောင်ကိုဖြိုး၏ နောက်ဆုံးခရီးကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ပြုလုပ်ပေးခဲ့ပြီး စမုဆုန်ခရာမ်ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင်တက်ရောက်ခဲ့သလို၊ မြန်မာအလုပ်သမားသံအရာရှိလဲ သေဆုံးသူမိသားစုဝင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက် မြန်မာလုပ်သမားသံအရာဘက်က သေဆုံးသူ၏ မိသားစုဝင်တွေကို ထောက်ပံ့ငွေ ၃၀၀၀ စီပေးအပ်သလို မြန်မာအလုပ်သမားများ ရသင့်ရထိုက်တဲ့နစ်နာကြေးတွေလဲ ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS