19 April 2024

ဩဂုတ် ၁၉ ရက် ၂၀၂၁

 

 

ခိုရတ်ခရိုင်ရှိ အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် ကာကွယ်ဆေးထိုးနှံပြီး ၂ ရက်အကြာတွင် သုံးလကြာမေ့မြောသွားခဲ့ပြီးနောက်

 

ကွယ်လွန်သွားခဲ့သည်ဟုသိရသည်။

 

 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခိုရတ်ခရိုင်၊ ပတ်ထုန်ချိုင်မြို့နယ်၊ ဒေါင်းကျေးရွာအုပ်စု၊ မူ-၂ တွင်နေထိုင်သူ အသက် ၂၉ နှစ်အရွယ် နမ်းခမ်းဆိုသူ

 

ထိုင်းအမျိုးသမီးသည် ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့တွင် ခိုရတ်မြို့ရှိ The Mall ဈေးဝယ်စင်တာတွင် စိုင်းနိုဗက်ကာကွယ်ဆေးကို ပထမအကြိမ်

 

ထိုးနှံပြီးနောက် ၂ ရက်အကြာတွင် ပတ်ထုန်ချိုင်မြို့မဈေးတွင်ဈေးဝယ်ထွက်နေစဉ် ပြင်းထန်ခေါင်းကိုက်လာပြီး သတိလစ်သွားခဲ့သည်ဟု

သိရသည်။

 

 

သူမကိုဓာတ်မှန်ရိုက်ပြီးနောက် ဦးနှောက်သွေးပြန်ကျောနှင့်သွေးလွှတ်ကြောထိစပ်နေသည့်နေရာတွင်ဦးနှောက်သွေးကြောမူမမှန်သည့်

လက္ခဏာတွေ့ရှိရသည်ဟု ဆရာဝန်ကဆိုသည်။ ယင်းမူမမှန်သည့်လက္ခဏာသည်တွေ့ရနည်းပြီး ထင်းရှားသည့်ရှေ့ပြေးလက္ခဏာပြ

ခြင်းမရှိသည့်အပြင် ဆေးပညာတွင်အကြောင်းရင်းကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဆရာဝန်ကဆက်လက်ပြောကြားသည်။

ထို့နောက်ဆရာဝန်မှဦးနှောက်ခွဲစိတ်မှုပြုလုပ်ပေးသော်လည်း ရောဂါလက္ခဏာသက်သာလာခြင်းမရှိဘဲ ဆက်လက်မေ့မြောလျက်ရှိသည်

ဟု သိရသည်။

ထို့နောက် ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ ည ၉.၅၁ နာရီအချိန်တွင် မဟာရတ်နခေါ်ရတ်ချစီးမာဆေးရုံတွင် ကွယ်လွန်သွားသည်ဟု

မိခင်ဖြစ်သူကဝမ်းနည်းစွာပြောပြသည်။

သေဆုံးသူသည် လူမမယ်သေးသည့် အသက် ၁ နှစ် ၈ လအရွယ်သားငယ်လေးတစ်ဦးကို အဖွားဖြစ်သူနှင့်အတူထားရစ်ခဲ့သည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS