23 April 2024

တရုတ်နိုင်ငံ၊ Zhejiang ပြည်နယ် Jiaxing မြို့မှ အသက် ၄နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသည် buckyball (ခေါ်) သံလိုက်ပုတီးစေ့များကိုမျိုချခဲ့ပါတယ်။ Xiao Le လို့ခေါ်တဲ့ကလေးမလေးသည် အစာအိမ်ရောဂါအတွက်ဆေး ကုသမှုခံယူပြီး ၁ လကြာဝမ်းဗိုက်နာခြင်းကိုစတင်ခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၃ရက်နေ့တွင်သူမ၏ မိဘများက သူမအား Zhejiang University ဆေးကျောင်းနှင့် ဆက်စပ်နေသော ကလေးဆေးရုံသို့ ခေါ်ဆောင်သွား ခဲ့ပါတယ်။

ဆရာဝန်များက Xiao Le အတွက်ဓာတ်မှန်ရိုက်ပြီး သူမရဲ့အစာခြေလမ်းလမ်းကြောင်းမှာ အရှည်၁မီတာလောက်ရှိ တဲ့ အဖြူရောင်အစက်များကိုတွေ့လိုက်ရတော့ ဆရာဝန်များကအံ့ဩသွားခဲ့ပါတယ်။ ပထမတော့ဆရာဝန်တွေ ထင်တာက ဒီကလေးမလေးရဲ့ဗိုက်ထဲမှာ လက်ကောက်တစ်ခုရှိတယ်။ ဒါပေမယ့်ဆေးရုံးကဆေးစစ်ချက်တွင် သူမဗိုက်ထဲကအစာပြွန်တွင် အစာအစအနကိုတွေ့ရှိခဲ့ပါတယ်။ Xiaole သည် buckyball (ခေါ်) သံလိုက်ပုတီးစေ့ ကိုမတော်တဆမျိုချမိကြောင်းဆရာဝန်များက သံသယရှိခဲ့ကြပါတယ်။

Xiaole ၏မိခင်သည် အိမ်တွင် သံလိုက်ပုတီးလုံးတစ်ပင်ရှိကြောင်း အတည်ပြုခဲ့ပြီး Xiaole ရဲ့အစ်ကိုက အဲ့ဒါနဲ့ အမြဲတမ်း ကစားနေတယ်လို့ဆိုပါတယ်။ Xiaole ကိုဆေးရုံမှချက်ချင်းခွဲစိတ်ကုသပေးခဲ့ပြီး သံလိုက်ပုတီးလုံး ပေါင်း ( ၆၁ ) လုံးကိုအောင်မြင်စွာခွဲစိတ်ယူထုတ်နိုင်ခဲ့ပါတယ်။

Xiao Le သည်သေးငယ်တဲ့ သံလိုက်ပုတီးလုံးများကိုတစ်ချိန်တည်းတွင်အကုန်လုံးမျိုမချခဲ့ပေမယ့် မတူတဲ့အချိန် တွေမှာ အစာအိမ်နဲ့အူလမ်းကြောင်းဝင်လာတဲ့သံလိုက်ပုတီးတွေကတစ်လုံးနဲ့တစ်လုံး ဆွဲငင်ပြီး အူနံရံကို သံလိုက်ပုတီးနှစ်လုံးကြားတွင်ညှပ်ထားပြီး အူထဲသို့တဖြည်းဖြည်း စိမ့်ဝင်သွားခဲ့ပါတယ်။

ဆရာဝန် Gao Zhigang ကဒီလိုပြောပါတယ်။ သံလိုက်ပုတီးစေ့များကို ထုတ်ယူလိုက်တဲ့အခါ အူမှာ အပေါက် (၁၄) ပေါက်ဖြစ်နေတာကိုတွေ့ရပြီး ကောင်မလေးအတွက်ထိခိုက်မှုတွေအများကြီးဖြစ်စေခဲ့ပါတယ်။ ကုသလို့ ရတယ်ဆိုပေမယ့် ထိခိုက်မှုကပြင်းထန်တဲ့အတွက် အူလမ်းကြောင်းဆိုင်ရာတွယ်ကပ်မှုနှင့် အူလမ်းကြောင်းပိတ် ဆို့ခြင်းဖြစ်နိုင်ခြေမြင့်မားပါတယ်။ ဤကလေးလူနာသည် မြင်ဖူးသမျှ အူလမ်းကြောင်းဖောက်ထွင်းမှုအများဆုံး ကလေးလူနာလည်းဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS