26 April 2024

ကျနော်မှာ ဆယ်ငါးဘတ်ပဲ ရှိပါတယ်

————

ဗန်ကောက် ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၂၃

.

အမျိုးသား ၁ ဦးမှာဆိုင်ထဲကိုဝင်လာပြီး ထမင်းတစ်ပွဲလှမ်းမှာလိုက်ပါတယ်။ ဆိုင်ရှင်ဖြစ်သူက ထမင်းတမျိုးထဲပဲလာ? ဘာတွေထပ်ယူဦးမလဲ ထပ်မေးတော့ အမျိုးသာဖြစ်သူက ထမင်းပဲယူပါမယ် ငံပြာရည်နဲ့စားမလို့ပါ ဘာကြောင့်လဲဆိုတော့ ကျနော်မှာ ငွေ ၁၅ ဘတ်ရှိပါတယ်လို့ပြောတော့။ ဆိုင်ရှင်ဖြစ်သူက ထိုအမျိုးသားကို သနားစိတ်ဝင်ပြီး ဖါကဖောင်ဟင်းနဲ့ထမင်းတစ်ပွဲ လာချပေးတဲ့အပြင် အမျိုးသားထံမှာ ပိုက်ဆံလဲမယူတော့ပါ။

.

အဲဒီနောက် ဆိုင်ရှင်ဖြစ်သူက ထိုဖြစ်ရပ်ကို သူပိုင်တဲ့ TikTok ပေါ်မှာတင်လိုက်ပြီး၊ “ငွေ ၃၀ ဘတ်ဟာ အချို့လူတွေအတွက်ကတော့ တန်ဘိုးမဖြတ်နိုင်ပါလား” လို့ရေးတင်လိုက်ပြီနောက် ချီးကျူးတဲ့ကော်မန့်တွေ သူမပို့စ်အောက်မှာ အမြောက်အများလာမန့်သွားကြပါတယ်။

.

ဟုတ်ပါတယ်၊ တကယ်မရှိလာတော့နေ့ရောက်ရင် ဘတ်ငွေ ၅ ဘတ် ၁၀ ဘတ်ဟာ တန်းဘိုးမဖြတ်နိုင်တဲ့နေ့ပါ။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS