20 April 2024

ကျောင်းဆရာမဝေ့ သည်ကံကောင်းပြီကြင်နာတတ်ပါတယ်။ အစိုးရထိုင်းထီ ဘတ်၆သိန်းကံထူးပြီးနောက် ဘောလုံးကွင်းပိတ်ကာ ကျောင်းသူ/သား အယောက် ၁၅၀ ကျော်ကို မူကထအလကားကျွေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လည် ၂နာရီအချိန်ခန့်တွင် နမ်စောင်းမြို့နယ် ချင်းခန်ခရိုင်ရှိ ဘန်းမိုင်စာသင်‌ ကျောင်းတွင်ဆရာမတစ်ဦး အစိုးရထိုင်းထီမှဘတ်ငွေ သိန်းပေါင်းများစွာဆွတ်ခူးခဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်။ ကျောင်းတစ်လုံးမှာရှိတဲ့ကျောင်းသူ/သားတွေကို မူကထ ကျွေးမွေးခဲ့ပါတယ်။

အသက် ၄၅နှစ်အရွယ် ဘန်းမိုင်စာသင်ကျောင်းကဆရာမဝေ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တုန်က ထိုင်းအစိုးရထီပေါက်စဉ်ကိုသွားဝယ်ခဲ့သည်ဟုဆိုပါတယ်။ အစိုးထီရှေ့ ၃လုံးတိုက် 389 စောင်ရေအများနှင့် အခြားထီစောင်တွေပါကံထူးခဲ့ပြီး ဆုငွေစုစုပေါင်း ဘတ်၆သိန်းရှိခဲ့ပါတယ်။ သူမသည်အရှေ့ပတ်တွေမှာလဲ ၆ကြိမ်ဆက်တိုက်ထီကံထူးခဲ့ပြီး သူမရဲ့ဆုငွေစုစုပေါင်းအားလုံးသည် ဘတ် ၁သန်းနီးပါးရရှိခဲ့တယ်လို့ဆိုပါတယ်။ ဇန်နဝါရီလ 19 ရက်နေ့တွင် ကျောင်းသူ/သားပေါင်း ၁၅၀ ခန့် ၊ ဆရာ ၁၉ ဦး နှင့်ကျောင်းရှေ့ကဘောလုံးကွင်းမှာ အကန့်မသတ်မရှိ အစားအသောက်များနှင့် အချိုရည်တွေကိုကျွေးမွေးခဲ့ပါတယ်။ ကလေးတွေကဆရာမ ကို ရေကစားဥယျာဉ်ကို ခေါ်သွားခိုင်းစေချင်တယ်။ ဒါကြောင့် ကလေးတွေကအိမ်မှာ သူတို့ရဲ့မိဘတွေကို ဆရာမက ထီပေါက်တာ ဘတ် ၁၀ သန်းရတယ်လို့ပြောကြပြီး တစ်ချို့ကလေးက ဆရာမ ဘတ် ၁ သန်းရတယ်လို့ပြောကြ ပါတယ်။

SHARE THIS NEWS

OTHER NEWS