Banner AIS Promo Ads  IDD Call00300

Lifestyle

သရက်သီးသည် အမှည့်ရော အစိမ်းပါအရသာရှိပြီး အကျိုးအာနိသင်များစွာရှိ

သရက်သီးသည် အမှည့်ရော အစိမ်းပါအရသာရှိပြီး အကျိုးအာနိသင်များစွာရှိ

 သရက်သီးထိုင်းလူမျိုးတွေ ရော မြန်မာလူမျိုးတွေပါ ကြိုက်တဲ့အသီးအနှံတွေထဲကတစ်ခုဖြစ်ပါတယ်။  သရက်သီးသည် ဝယ်ရတာလွယ်ကူပြီး အစိမ်းရော အမှည့်ပါ အရသာရှိသော သစ်သီးတစ်မျိုးဖြစ်ပါတယ်။

 

 သရက်သီးစိမ်း၏ အကျိုးကျေးဇူးများ

သရက်သီးစိမ်းတွင် အချို နှင့် အချဉ် အရသာနှစ်မျိုးရှိပါတယ်။ ဒါကြောင့် သရက်သီးမှာ ဗီတာမင်စီပြည့်ဝ စွာပါဝင်ပါတယ်။ antioxidants ( ကိုယ်ခံအားစနစ်ကိုထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ) လဲ ပါဝင်တာကြောင့် အသားရေကိုကြည်လင်တောက်ပစေပါတယ်။ အအေးမိခြင်းမှလဲကာကွယ်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့လို့ဖြစ်လာတဲ့ရောဂါ နှင့် ရာသီဥတုပူလို့ ရေငတ်ခြင်းမှလဲသက်သာစေပါတယ်။

 သရက်သီးမှည့်၏ အကျိုးကျေးဇူးများ

 

သရက်သီးမှည့်သည့် အဝါရောင်ဖြစ်တာကြောင့် ဗီတာမင်အေ နှင့် ဘီတာကာရိုတင်းဓာတ်များပါဝင်တာကြောင့် မျက်စိကိုအာဟာရဖြစ်စေပြီး ညဘက်တွင်ကြည်လင်ပြတ်သားစွာမမြင်ရတဲ့အမြင်အာရုံဝေဝါးခြင်းမှလဲ ကာကွယ်ပေးပါတယ်။ ဝမ်းနုတ်ဆေး အာနိသင်လည်း ရှိပြီး ဝမ်းသွားအောင် အစာချေဖျက်ရာမှာ ကူညီပေးတဲ့ အမျှင်ဓာတ်လည်း ပါရှိပါတယ်။