On-top-package-Aug

News

တရားမဝင်မြန်မာ လေးနှစ်ခန့်တင်ဆောင်လာတဲ့ကားကို တာ့ခ်ခရိုင်အာဏာပိုင်များဖမ်းဆီး

တရားမဝင်မြန်မာ လေးနှစ်ခန့်တင်ဆောင်လာတဲ့ကားကို တာ့ခ်ခရိုင်အာဏာပိုင်များဖမ်းဆီး

ဗန်ကောက် ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၃


ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာတွေကိုတင်ပြီးမောင်းပြေးနေတဲ့ ကား ၂ စီးကိုလိုက်လံဖမ်းခဲ့ရသည်ဟု MGR Online သတင်းကဖော်ပြသည်။


တရားမဝင်မြန်မာတွေ အပြည့်နဲ့တင်လာတဲ့ကားမှာ ထိုင်းရဲတွေလိုက်လာတာကို သိသဖြင့်မောင်းပြေးနေစဥ် ကားရပ်ရန်သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်ခဲ့ရသည်ဟု ဖော်ပြထားသည်။


ထိုင်းအာဏာပိုင်ဖမ်းမိတဲ့ ကား ၂ စီးမှာ မြန်မာလုပ်သား ၃၄ ဦးတင်လာပြီး၊ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၁၀ ဦးဖြစ်ကြောင်း သိရသည်။ ဖမ်းမိတဲ့ ကားသမား ၂ ဦးထွက်ဆိုတာကတော့ မြန်မာတွေကိုလိုက်ပို့ပေးရာမှာ တခေါက်လျှင် ဘတ် ၁ သောင်းရပြီး ထိုင်း-မြန်မာနယ်စပ်ကနေ သူတို့တွေကို သွားခေါ်လာသည်ဟု ထွက်ဆိုသည်။


ဓါတ်ပုံ - MGR Online