18 April 2024

ထိုင်းတောင်ပိုင်း ရနောင်းခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၈ ဦးကို ယာဉ်မောင်းနှင့်အတူဖမ်းဆီးရမိပြီး တစ်ဦးကို ကယ်ရီခ ဘတ် ၂ သောင်းပေးရဟု ထွက်ဆို။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်၊ ကရာဘူရီမြို့နယ်၊ ကျော်ပေါ်ရော်ကျေးရွာအုပ်စု၊ မူ-၆ နယ်မြေ အတွင်းရှိ ဘန့်ဟင်းယိုင်ကျေးရွာလမ်းကြောင်းကိုအသုံးပြုပြီး မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်လာမည်ဟု သတင်းရရှိပြီးနောက် ယမန်နေ့တွင် ပါကျန်နယ်မြေရဲစခန်းနှင့် ခြေလျှင်တပ်ခွဲ အမှတ် ၂၄၂၁ တို့ပူးပေါင်း ပြီး စောင့်ဖမ်းရာက သံသယဖြစ်စရာ အဖြူရောင်ပစ်ကပ်မော်တော်ကား တစ်စင်းကို တွေ့ရှိခဲ့သည်ဟု ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့ ၂၅ ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ြပထားသည်။

 

 

အဆိုပါ ပစ်ကပ်မော်တော်ကားကို စစ်ဆေးရာတွင် ရနောင်းခရိုင်၊ ကရာဘူရီမြို့နယ်၊ နမ်းကျူကျေးရွာ အုပ်စု၊ မူ-၄ တွင်နေထိုင်သူ အသက် ၂၉ နှစ်ရှိ ယာဉ်မောင်းတစ်ဦးအပါအဝင် မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဖော်ြပထားသည်။

မြန်မာနိုင်ငံသားများက ခေါင်းခန်းတွင် ၂ ဦး၊ နောက်ခန်းကားဝမ်းတွင် ၆ ဦးလိုက်ပါစီးနင်းလာကြပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၆ ဦးပါဝင်သည်ဟု သိရှိရသည်။

၎င်းတို့သည် တောလမ်းတစ်နေရာတွင် နယ်စပ်ဖြတ်ကျော်ပြီးနောက် ရနောင်းခရိုင်၊ ကရာဘူရီမြို့နယ်၊ နမ်းကျူကျေးရွာအုပ်စု၊ ပလိုင်ခလောင်ကျေးရွာ၊ မူ-၁ ရှိ ဇရပ်တစ်လုံးဆီသို့ ခြေကျင်လျှောက်ခဲ့ကြရသည်

ဟု ထွက်ဆိုကြသည်။

 

ထို့နောက်တွင် ချွမ်ဖော်နှင့်စူရတ်ဌာနီခရိုင်သို့ ခရီးဆက်ရန်အတွက် အဆိုပါပစ်ကပ်မော်တော်ကားက လာကြိုသွားပြီး တစ်ဦးလျှင် ကယ်ရီလ ဘတ် ၂ သောင်းပေးရမည်ဖြစ်သော်လည်း ဦးတည်နေရာကို ရောက်ရှိမှသာလျှင် ငွေချေရမည်ဟု ဆိုသည်။

ယာဉ်မောင်းမှာမူ ၁ ဦးလျှင် ဘတ် ၃ ထောင်ရရှိပြီး ဦးတည်နေရာသို့ရောက်ရှိမှသာ ငွေရရှိမည်ဟု ထွက်ဆိုသည်။

ဖမ်းဆီးရမိသူများကို ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ပါကျန်နယ်မြေရဲစခန်းတွင် အပ်နှံထားသည်ဟု ဆက်လက်ဖော်ြပထားသည်။

ပလာတူး

SHARE THIS NEWS

OTHER NEWS