Banner AIS Promo Ads 6 Social App

News

ထိုင်းမှာ ပထမဆုံးအာကာသစခန်းတည်ဆောက်ဖို့ ထိုင်းနှင့်တောင်ကိုရီးယား စာချုပ်ချုပ်ဆို

ထိုင်းမှာ ပထမဆုံးအာကာသစခန်းတည်ဆောက်ဖို့ ထိုင်းနှင့်တောင်ကိုရီးယား စာချုပ်ချုပ်ဆို

ထိုင်းနိုင်ငံမှာ ပထမဆုံးသောအာကာသစခန်းတစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် ထိုင်းဘူမိသတင်း အချက်အလက်နှင့်အာကာသနည်းပညာမြှင့်တင်ရေးရုံး (GISTDA)နှင့် တောင်ကိုရီးယားအာကာသ သုတေသနအင်စတီကျု  Korea Aerospace Research Institute (KARI) တို့က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ GISTDA ကဖော်ြပထားပါတယ်။

ယင်းစာချုပ်အရ ထိုင်းနိုင်ငံရဲ့ပထမဆုံးအာကသစခန်းတည်ဆောက်ဖို့နဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေလေ့လာ ဆန်းစစ်မှုလုပ်ငန်းကို KARI ဘက်က ၃ နှစ်အတွင်း အပြီးသတ်လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။


လေကြောင်းပျံသန်းရေးနဲ့အာကာသလုပ်ငန်းဟာ ထိုင်းနိုင်ငံရဲ့ အနာဂတ်စီးပွားရေးမောင်းနှင်အား အတွက် ပစ်မှတ်ထားလုပ်ငန်း (S-Curve) ၁၀ ခုထဲကတစ်ခုအပါအဝင်ဖြစ်တယ်လို့ ထိုင်းအာကာသသိပ္ပံ အမြဲတမ်းအတွင်းဝန် က ဆိုပါတယ်။

ထိုင်းနဲ့တောင်ကိုရီးယားတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုဟာ အာကာသစက်မှုလုပ်ငန်းနဲ့စီးပွားရေးကဏ္ဍကို (space industry / space economy) ကို များစွာ အထောက်အကူပြုမယ်လို့ ဆိုပါတယ်။


ထိုင်းနိုင်ငံဟာ အီကွေတာနဲ့နီးတဲ့နိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံများအနက် အာကာသစခန်း (Spaceport) တည်ဆောက်ဖို့ စွမ်းဆောင်ရည်နဲ့အားသာချက်အရှိဆုံးနိုင်ငံတစ်ဖြစ်လို့ အခုလို အကောင်အထည်ဖော်ဆောင်ဖြစ်တာလို့ GISTDA ညွှန်ကြားရေးမှူး က ဆိုပါတယ်။

ပလာတူး