ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်းလူကျေးရွာအုပ်စု၊
မူ-၂ ရှိ နာမည်ကြီးမွန်တံတား အနားတွင်ဖွင့်လှစ်ထားသော ဆိုင်ခန်းတချို့နှင့် နေအိမ်များကို
ပြီးခဲ့သည့် ည ၁၀ နာရီဝန်းကျင်က မီး လောင်မှုဖြစ်ပွားခဲ့သည်ဟု စံခလဘူရီအသံလွှင့်ဌာနက
ဖော်ြပထားသည်။
အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်း ၃ ခန်း၊ ကော်ဖီဆိုင် ၁ ခန်း၊ အလှပြင်ဆိုင် ၁ ခန်း အပါအဝင် လူနေအိမ် ၁ လုံး မီးလောင်ကျွမ်းသွားသည်ဟု ဖော်ြပထားသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် နယ်မြေခံမီးသတ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်နှင့်ပြည်သူများက
ဝိုင်းဝန်းပြီး မီငြှိမ်းသတ်ပေးသော်လည်း မီးလောင်လွယ်သည့်ပစ္စည်းများဖြစ်၍
အချိန်တိုအတွင်း မီးလောင်ကျွမ်းကုန်ပြီး ၁ နာရီအကြာမှ မီးထိန်းချုပ်နိုင်သည်ဟု ဖော်ြပထားသည်။
မီးလောင်ကျွမ်းသည့်အကြောင်းရင်းနှင့် နစ်နာဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစစ်ဆေးနေဆဲဟု ဖော်ြပ ထားသည်။
မီးလောင်းကျွမ်းမှုသတင်းကို ရရှိသည်နှင့်တပြိုင်နက် ဝင်းကကျေးရွာအုပ်စု စည်ပင်သာယာမှူးကိုယ်တိုင်
သွားရောက်စစ်ဆေးခဲ့သည်ဟု ဆက်လက်ဖော်ြပထားသည်။
Photo
: สวท.สังขละบุรี
ပလာတူး