ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံဘက်၌စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနိုင်ငံရနောင်း ခရိုင်ဘက်သို့ မြန်မာနိုင်ငံသား ၁၀၀ ဦး စစ်ဘေးရှောင်လာခဲ့ကြသည်ဟု ရနောင်းအသံလွှင့်ဌာန က ဖော်ြပထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင် ကရာဘူရီမြို့နယ် ထာ့ပါကရာတွင် ၆၀ ဦးနှင့် ထာ့ဝိုင်းဒဲတွင် ၅၀ ဦး စုစုပေါင်း ၁၁၀ ဦးရှိသည်ဟု ဖော်ြပထားသည်။
အဆိုပါ မြန်မာစစ်ဘေးရှောင်များကို ထိုင်းခြေလျှင်အထူးတပ်ဖွဲ့ အမှတ် ၂၅ က လူသားချင်းစာနာမှုအကူ
အညီများပေးအပ်ခဲ့သည်ဟု ဖော်ြပထားသည်။
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့နယ်တွင်
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့က စစ်တပ်နှင့် KTLA၊ PDF ပူးပေါင်းတပ်ဖွဲ့များအကြား
စစ်ဖြစ်ပွားခဲ့ပြီး ထိုင်းဘက်က နယ်စပ် လုံခြုံရေးကို ၂၄ နာရီတင်းကျပ်ထားသည်ဟု ဖော်ြပထားသည်။
ပလာတူး