ထိုင်းရဟန်းသံဃာ ၇၀ ရာခိုင်နှုန်းကျော်မှာ အစားအသောက်ကြောင့် ဆီးချိုသွေးချိုရောဂါနှင့်သွေးတိုး
ရောဂါခံစားနေရသည်ဟု ၂၀၂၂ ခုနှစ်စစ်တမ်းအရ သိရှိရကြောင်း ထိုင်းကျန်းမာရေးညွှန်ချုပ်
သုဝဏ္ဏချိုင် ဝတ္ထနာယင့်ကျရုန် က ထုတ်ဖော်ပြောကြားသည်။
၂၀၂၂ ခုနှစ်တွင် ရဟန်းသံဃာ ၁၈၄၉၆ ပါးကို စစ်တမ်းကောက်ယူရာတွင် ၂၅.၅၈ ရာခိုင်နှုန်းသာ
လိုလား အပ်သောကျန်းမာရေးညွှန်းကိန်းရှိကြပြီး ရဟန်းသံဃာအများစုမှာ ဆီးချိုသွေးချိုရောဂါ၊
သွေးတိုးရောဂါ၊ နှလုံးသွေးပြတ်လပ်ရောဂါ၊ သွေးတွင်းသကြားဓာတ်မြင့်မားရောဂါ စသည့်
မကူးစက်တတ်သော နာတာ ရှည်ရောဂါများကို ခံစားနေရသည်ဟု ညွှန်ချုပ် က ဆိုသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအား အာဟာရဓာတ် ၅ မျိုးပြည့်ဝသော ဆွမ်းခဲဘွယ်များကို ရွေးချယ် ကပ်လှူကြရန်၊ အချို အဆိမ့် အငံ ကဲသောအစားအစာများနှင့်အရောင်ချွတ်ထားသောဆန်နှင့်မုန့်နှစ်များ ဖြင့်ပြုလုပ်ထားသောအစားအစာများကို ကပ်လှူခြင်းမပြုရန်၊ ဆန်လုံးညို၊ ပေါင်မုန့်ကြမ်း၊ ငါး၊ တိုဟူး၊ ဥ၊ အဆီမကပ်သောအသား စသည်တို့ကို ရွေးချယ်ကပ်လှူရန် တိုက်တွန်းထားသည်။
တဆက်တည်းတွင် အုန်းနို့ပါသောအစားအစာနှင့်ဆီကြော်စာများကို ကပ်လှူခြင်းမပြုရန်၊
ပေါင်း သုပ် ရေနွေးစိမ်ထားသော အစားအစာများနှင့် ငါးပိ တို့စရာများကိုကပ်လှူရန်၊ အချိုကဲသောအစားအစာနှင့်
ချဉ်ဖတ်များကို ကပ်လှူခြင်းမပြုရန်၊ ရာသီပေါ်ဟင်းသီးဟင်းရွက်မီနူးများကို ဦးစားပေး
ကပ်လှူရန် တိုက်တွန်းထားသည်။
ထို့ပြင် အဆီထုတ်ထားသောနို့၊ သဘာဝဒိန်ချဉ်၊ ရေသန့်ဘူး၊ Plain Milk၊ ဝိနည်းအရ ရဟန်းသံဃာ ဘုဉ်းပေးနိုင်သော
အချိုမကဲသောဖျော်ရည်များကို ကပ်လှူကြရန် ဆက်လက်တိုက်တွန်းထားသည်။
ထို့နောက် ကုန်ခြောက်များနှင့်ဆီသွတ်ဘူးများကို ဝယ်ယူသောအခါ ထိုင်း FDA ထောက်ခံချက်ပါရှိသော၊ ဘူးမျက်နှာပြင်မပိနေသော၊
မဖောင်းနေသော၊ သမ်းတမ်းကုန်မည့်ရက်စွဲပါရှိသော၊ သံချေးမတက်သော၊ ဘူးချုပ်ရိုးမစိမ့်သော
ဆီသွတ်ဘူးများကိုရွေးချယ်ဝယ်ယူပြီး ကပ်လှူရန်နှင့် အထူးသဖြင့် (Healthier
Choice) စာတမ်းပါရှိသော ဘူးများကို ရွေးချယ်ဝယ်ယူရန်
အကြံပြုထားသည်။
Photo : Wan
Pensirisopa