23 April 2024

လူ ၁၀ ဦးအား အဆိပ်ခတ်လူသတ်မှုသံသယတရားခံ ထိုင်းအမျိုးသမီး “Am” ဆိုသူကို ရာဇဝတ်တရားရုံး က “ကြိုတင်ကြံစည် လူသတ်မှု” ဖြင့် ယမန်နေ့ (၂၅-၄-၂၀၂၃) မနက်ပိုင်းတွင် ဖမ်းဝရမ်းထုတ်ခဲ့ပြီး နောက် ယမန်နေ့ နေ့လယ်ပိုင်းတွင် ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က မြို့တော်ဗန်ကောက် ကျဲ့ဝတ္ထဏအစိုးရစုပေါင်းရုံးချုပ်ဝင်းအတွင်း၌ သက်သေခံပစ္စည်းဖြစ်သော ဆိုင်ရာနိုက် (cyanide) နှင့်တကွ ဖမ်းဆီးနိုင်ခဲ့သည်ဟု Ch7 tv က ဖော်ပြထားသည်။

သံသယတရားခံအား ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ဝိဖာဝတီ-ရန်စစ် လမ်းရှိ police club တွင် ကနဦး စစ်ဆေးမေးမြန်းမှုပြုလုပ်ရာတွင် သံသယတရားခံဘက်က ပြစ်မှုအားလုံးငြင်းဆိုခဲ့သည်။

 

 

ထို့နောက် ယမန်နေ့ညနေပိုင်းတွင် သံသယတရားခံအား မှုခင်းရဲတပ်ဖွဲ့ရုံးချုပ်သို့ခေါ်ဆောင်လာပြီး စုံစမ်းစစ်ဆေးမှုဆက်လက်ပြုခဲ့ကာ သူမ၏ရှေ့နေဖြစ်သူကပါ ဝင်ရောက်နားထောင်ခဲ့သည်။

မှုခင်းရဲဌာနချုပ်တွင် ၆ နာရီကြာ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက် သံသယတရားခံအား ဗဟိုစုံစမ်း စစ်ဆေးရေးရဲဌာနချုပ်ရှိ တိုင်ချက်လက်ခံရေးဌာနတွင် ဆက်လက်ထိန်းချုပ်ထားသည်။

ယမန်နေ့ညတွင် သံသယတရားခံမှာ သွေးတိုးတက်နေ၍ ည ၁ နာရီဝန်းကျင်တွင် ဆေးရုံပို့ဆောင်ခဲ့ပြီး ပြန်လည်သက်သာသည့်နောက်တွင် မှုခင်းရဲဌာနချုပ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။

 

 

ယနေ့ (၂၆-၄-၂၀၂၃) နေ့လယ် ၁၁ နာရီအချိန်တွင် သံသယတရားခံအား တရားရုံးရမန်ဖြင့် ရတ်ချဒါး လမ်းရှိ ရတ်ချဒါးရာဇဝတ်တရားရုံးတွင် ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။

တဆက်တည်းတွင် သံသယတရားခံ၏ရှေ့နေဖြစ်သူက ဘတ်ငွေ ၄ သိန်းဖြင့် အာမခံယူရန် လျှောက်ထားမည်ဟု သိရသည်။

တဖက်တွင် သံသယတရားခံ၏ လူသတ်ကြံစည်မှုမှ လွတ်မြောက်လာသော ထိုင်းအမျိုးသမီးတစ်ဦးက ယနေ့နေ့လယ်ပိုင်းတွင် police club သို့ လာရောက်ပြီး သက်သေထွက်ဆိုမည်ဟု ဆက်လက် ဖော်ပြ ထားသည်။

SHARE THIS NEWS

OTHER NEWS