27 April 2024

,

ဘောလုံးလောကမှာ ရိုနာလ်ဒင်ဟိုဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲ။ အမြဲတမ်းပြုံးနေတဲ့ မျက်နှာနဲ့ ယိမ်းနွဲ့ပြီး ကနေသယောင် ဘောလုံးကစားဟန်တွေနဲ့ မျက်လှည့်ဆန်တဲ့ ဘောလုံးကျွမ်းကျင်မှု အလိမ် အခေါက်အတို့အလှုပ်တွေဟာ ဘောလုံးပရိတ်သတ်တွေ အမြဲတမ်းအမှတ်ရမိနေကြမှာပါ။

ရိုနာလ်ဒင်ဟိုဟာ ငွေတွေသောက်သောက်လဲ ရနေတဲ့ သူ့ဘဝရဲ့ အကောင်းဆုံးအရွယ်တွေမှာ ငွေကို ရေလိုသုံးပြီး ဖြုန်းတီးပစ်ခဲ့တဲ့ငွေကြေးတွေက ဒေါ်လာသန်းရာနဲ့ချီရှိခဲ့ပါတယ်။ ဘာစီလိုနာ အေစီမီလန် စတဲ့အသင်းတွေမှာ တောက်ပခဲ့စဉ်က ရိုနာလ်ဒင်ညိုဟာ အသက်ရှူတိုင်းငွေတွေဝင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲ့ဒီလိုမျိုးအဖြစ်ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ပါရာဂွေးနိုင်ငံကို ပတ်စပို့အတုနဲ့ ဝင်ရောက်မှု အတွက် သူ့အကိုနဲ့အတူအဖမ်းခံခဲ့ရပြီးတော့ အာမခံအတွက် သူ့ရဲ့ ပိုင်ဆိုင်သမျှ နေအိမ်ကိုပါရောင်း ချပြီး တရားရင်ဆိုင်ခဲ့ရတာပါ။ ပါရာဂွေးအကျဉ်းထောင်ထဲမှာ ၆လနီးပါးကြာ နေထိုင်ခဲ့ရပြီးတဲ့နောက်မှာ အာမခံငွေ ပေါင် ၁၄၀၀၀၀ ကျော်ပေးပြီး လွတ်မြောက်လာခဲ့ပါတယ်။

ထောင်ကလွတ်မြောက်ပြီးတဲ့နောက်မှာ သူ့မှာ လက်ကျန်ငွေနဲ့ပိုင်ဆိုင်မှုက ၅ပေါင်ခန့်ပဲကျန်ရှိတော့တာဖြစ် ပြီးတော့ လူမွဲစာရင်းခံယူရဖို့နီးစပ်တဲ့အထိ ကံကြမ္မာဂြိုလ်စီးခဲ့တာဖြစ်ပါတယ်။ ဘလွန်းဒီအောဆုရှင်ဖြစ် ခဲ့တဲ့ ဒင်ဟိုတစ်ယောက်အတွက် အိပ်မက်ဆိုးတွေမက်ခဲ့ရတဲ့ကာလဖြစ်ခဲံပါတယ်။

ဒါပေမယ့် ထောင်ကလွတ်ပြီး ၄အတွင်းမှာပဲ ဘောလုံးမျက်လှည့်ဆရာဟာ ကံဆိုးမှုတွေနဲ့ လောကဓံအထု အထောင်းကို ပြန်အနိုင်ယူခဲ့နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၄လအတွင်းမှာ ရိုနာလ်ဒင်ဟိုဟာ ဝင်ငွေ ဘရာဇီးငွေ ၅သန်းနီးပါး(ပေါင် ၇သိန်းကျော်) ကို ရှာဖွေစုဆောင်းနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ လူမွဲစာရင်းခံရမယ့် ဘေးကနေ လွတ်မြောက်ခဲ့သလို အထက်တန်းကျကျပြန်လည်နေထိုင်နိုင်ပြီဖြစ် ပါတယ်။

ဒီငွေတွေကို လက်ရှိမှာ ရိုနာလ်ဒင်ဟိုဟာ ခိုင်မာတဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေအဖြစ် ပြောင်းလဲခဲ့တဲ့ အတွက် လောကဓံအထုအထောင်းကိုခံရပြီး ကုန်းကောက်စရာမရှိမွဲတေခဲ့ပြီးတဲ့နောက်မှာ စာတတ်သွားပြီ လို့ပြောရမှာဖြစ်ပါတယ်။

ရိုနာလ်ဒင်ဟိုဟာ ဘရာဇီးလ်မှာ သီချင်းထုတ်လုပ်တဲ့စတူဒီယိုတစ်ခုကိုထူထောင်ခဲ့ပြီး သူကိုယ်တိုင် ဘောလုံးအသင်းပရိုမို MTV တစ်ပုဒ်မှာ သရုပ်ဆောင်ခဲ့ပြီး ဝင်ငွေတွေရရှိခဲ့သလို ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ R One ဆိုတဲ့ တံဆိပ်နဲ့ ဂျင်အရက်ထုတ်လုပ်ရောင်းချခဲ့ပြီး ဘရာဇီးလ်နိုင်ငံတ၀ှမ်းမှာ လူကြိုက်များလာတဲ့ အရက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် ဝိုင်အရက်ကိုလည်း ​​​​ ‘Vino de Campeones.’ ဆိုတဲ့တံဆိပ်နဲ့ ပထမဆုံးထုတ်လုပ်ရောင်းချနိုင်ခဲ့သလို ခရီးသွားအရောင်းအမြှင့်တင်ရေးဝဘ်ဆိုက်ဒ်တွေမှာလည်း ကြော်ငြာအနေနဲ့ သရုပ်ဆောင်ပေးနေပါတယ်။

မထင်မှတ်ခဲ့တဲ့ လောကဓံအထုအထောင်းကို ခံခဲ့ရပြီး ကိုယ်စိတ်ပြိုလဲကျခဲ့ပြီး ဆင်းရဲမွဲတေသွားတဲ့ဘဝ ကနေ ပြန်လည်ရုန်းထွက်ပြီးအနိုင်ယူနိုင်ခဲ့တဲ့ ရိုနာလ်ဒင်ဟိုရဲ့ စိတ်ဓာတ်နဲ့ လုပ်ရည်ကြံရည်ကို အတုယူရမှာ ဖြစ်ပြီးတော့ ရိုနာလ်ဒင်ဟိုကလည်း သူအရင်က မိုက်မှားခဲ့တဲ့အမှားတွေကိုနောင်တရပြီး အခုဆိုရင် တည်ငြိမ်တဲ့ဘဝတစ်ခုကို တည်ဆောက်နေပြီဖြစ်ပါတယ်။

” ခက်ခဲကြမ်းတမ်းတဲ့အဖြစ်တွေက ပြီးဆုံးသွားခဲ့တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးအရမ်းတင်ရ ပါတယ်။ အဲ့ဒီကာလတွေတုန်းက ကျနော့်ကိုအားပေးထောက်ခံခဲ့ကြတဲ့ သူတွေ ဆုတောင်းပေးခဲ့သူတွေ အတွက်ပြောစရာစကားမရှိတော့လောင်ကို ကျနော်ကျေးဇူးတင်ရပါတယ်” လို့ ရိုနာလ်ဒင်ဟိုကပြော ကြားခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS