26 April 2024

,

စက်တင်ဘာ ၂ ရက်၊ ၂၀၂၁

မိမိ၏ကားနံပါတ်ကိုမွေးဂဏန်းအဖြစ် ၂ နှစ်ကြာကံစမ်းပြီးနောက် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း လေမြို့ရှိထီသည် ဘတ်သန်း ၃၀ ကံထူး။

ယမန်နေ့စက်တင်ဘာ ၁ ရက်နေ့အပတ်စဉ် ထိုင်းထီဆုကြေညာရာတွင် ပထမဆု ၆ လုံးဂဏန်းမှာ ၁၁၄၄၇၅ ထွက်ရှိခဲ့သည်ဟု သိရပြီး

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း လေခရိုင်၊ ဖားခေါင်းမြို့နယ်၊ နွန်ပေါ်ဒဲကျေးရွာအုပ်စုတွင်နေထိုင်သည့် အတ်ခရဒက် ဖင်ခက်ဆိုသူအသက်

၃၃ နှစ်သည် ပထမဆု ၅ စောင်၊ ဘတ်သန်း ၃၀ ကံထူးခဲ့ပြီးနောက် ရဲစခန်းသို့သွားရောက်တိုင်ကြား၍ ရဲစခန်းမှရဲနေ့စဉ်မှတ်တမ်း တွင်

မှတ်တမ်းတင်ပေးခဲ့သည်ဟု သိရသည်။

မိမိသည် လေခရိုင်တွင်ထီလည့်ပတ်ရောင်းချနေသည့်ထီသည်တစ်ဦးဖြစ်ပြီး မိမိ၏ပစ်ကပ်ကားနံပါတ် နောက်ပိတ် ၄၇၅ ဂဏန်းကိုမွေးစား

ဂဏန်းအဖြစ်ကံစမ်းခဲ့သည်မှာ ၂ နှစ်ကြာခဲ့ပြီဖြစ်ကာ ၄၇၅ နောက်ပိတ်ဂဏန်းကိုမရောင်းဘဲအပတ်စဉ်သိမ်းထားရာမှ ယခုအပတ်တွင်

ဘတ်သန်း ၃၀ ကံထူးခဲ့သည်ဟု ကံထူးရှင်ကဆိုသည်။

လက်ရှိတွင်အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေ၍ ကံထူးထားသည့်ငွေများကို ဖြစ်သို့သုံးစွဲမည်ကို မသိရသေးဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS