29 March 2024

,

ကျွန်ုပ်တို့အားလုံးမှာ ကွဲပြားခြားနားတဲ့ စိတ်အနေအထားနှင့် အစွမ်းအစများရှိကြပါတယ်။ ပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်း၊ မိသားစု၊ လုပ်ဖေါ်ကိုင်ဖက်တို့ရဲ့သွန်းလောင်းမှုတို့ကလည်း ကျွန်ုပ်တို့ရဲ့စိတ်အနေအထား နှင့် အကျင့်စရိုက်ကို ပေါ်လွင်စေ ပါတယ်။

အထက်ပါအကြောင်းအရာများအပြင် ယုံကြည်မှု ကိုးကွယ်မှု တို့ကလည်း မတူညီတဲ့ အလေ့အထ စိတ်အနေအထားကို ပြောပြနိုင်ပါတယ်နော်။ ဒါကြောင့်ဒီနေ့မှာ ၇ ရက်သားသမီးတို့ရဲ့စိတ်အနေအထားကို သွားကြည့်လိုက်ကြရအောင်…

တနင်္လာသားသမီးများ 

တနင်္လာသားသမီးတွေအများစုက အပြောအဆိုပြေပြစ်ပြီးချစ်စရာကောင်းလှပါတယ် ဒါပေမယ့်အားငယ်တတ်တယ် စိတ်ကောက်တတ်တယ် ပျော်ပျော်ရွင်ရွင်နေတတ်တယ် ဒေါသဖြစ်ပြီဆိုရင်လည်း အရင်ကသူတို့မဟုတ်တဲ့အတိုင်းပါပဲ တစ်ယောက်တည်းနေတာကိုလည်းနှစ်သက်သူဖြစ်ပါတယ်။

အင်္ဂါသားသမီးများ

အရမ်းကြိုးစားပြီးသွက်လက်မှုရှိတယ် နည်းနည်းတော့ ရည်းစားများတယ် ဒါပေမယ့်လည်း သူတို့ချစ်တဲ့သူနဲ့တွေ့ပြီဆိုရင် အရူးအမူးချစ်လေ့ရှိတယ် အရွဲ့တိုက်တက်တယ် ဂျစ်ကန်ကန်ဆန်တယ် ကိုယ့်ထက်သူများကသာနေရင်လည်း မကြိုက်ပြန်ဘူး သူများထထက်သာနေအောင်ကြိုးစားပြီးအမြဲနေတယ် သူတစ်ပါးကိုကူညီတတ်တယ်။

ဗုဒ္ဓဟူးသားသမီးများ

အချစ်ကြီးတယ် သည်းခံစိတ်အရမ်းကြီးတယ် အလုပ်ကိုကြိုးစားတယ် စကားပြောယဥ်ကျေးတယ် ဗဟုသုတတွေကိုရှာဖွေ ရတာအရမ်းကြိုက်နှစ်သက်သူဖြစ်တယ် သူတစ်ပါးကိုကူညီတတ်တယ် မိသားစုနဲ့နေရာတာကြိုက်နှစ်သက်တဲ့သူတွေ ဖြစ်တယ်။

ကြာသပတေးသားသမီးများ 

ရိုးသားတယ် အလုပ်လုပ်ရင် အမြဲစေ့စပ်မှုရှိတယ် သူတစ်ပါးကို သင်ပြရတာကြိုက်နှစ်သက်သူဖြစ်တယ် စကားပြောရင်အောက်ကျို့ပြီးအမြဲပြောတယ် မဟုတ်မခံစိတ်ရှိတယ် အချစ်ရေးမှာ အရမ်းထိလွယ်ရှလွယ်တယ် ချစ်ရင်လက်မလွှတ်အောင်ချစ်တတ်တဲ့သူတွေဖြစ်တယ် မုန်းရင်တော့ လုံးဝလှည့်မကြည့်တတ်ကြဘူး။

သောကြာသားသမီးများ

တစ်ယောက်တည်းနေရတာကို ကြိုက်နှစ်သက်သူတွေဖြစ်တယ် ကိုယ်ပိုင်အတွေးအခေါ်ရှိတယ် အနုပညာတစ်ခုမဟုတ် တစ်ခုစိတ်ဝင်စားတတ်တဲ့သူတွေဖြစ်တယ် စိတ်ကြီးတယ် အလားတူပဲ သည်းခံစိတ်လည်းရှိတယ် အများကိုကူညီတတ်တယ် အချစ်ကြီးတယ်။

စနေသားသမီးများ 

ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိသူဖြစ်တယ် တိတ်ဆိတ်ခြင်းကိုနှစ်သက်တယ် သူများနဲ့လုံးထွေးနေခြင်းမရှိဘူး အပေါင်းအသင်းတွေရဲ့စိတ်ကို ဦးစားပေးသူဖြစ်တယ် အချစ်ကြီးတယ် ချစ်သူကိုအရမ်းစိတ်ပူတတ်တယ် အနာဂါတ်အတွက် အမြဲတွေးတောနေသူဖြစ်တယ်။

တနင်္ဂ‌နွေသားသမီးများ 

ခေါင်းဆောင်မှုအရေအချင်းမြင့်မားပြီး သူတစ်ပါးကိုကူညီတတ်တယ် စိတ်ရှည်သီးခံတယ် ဉာဏ်အရမ်းကောင်းသူဖြစ်တယ် အောင်မြင်အောင်ကြိုးစားတတ်တဲ့စိတ်ရှိတယ် နည်းလမ်းမှန်အောင်အမြဲနေတတ်တဲ့သူဖြစ်တယ်။

SHARE THIS NEWS

OTHER NEWS