23 April 2024

iPhone 13 မှာ ဂြိုလ်တုဆက်သွယ်ရေးစနစ်ပါဝင်လာမယ်လို့သတင်းထွက်ပေါ်နေပြီး ဆယ်လူလာကွန်ရက် မရှိတဲ့နေရာတွေမှာ စာပို့နိုင် ၊ ဖုန်းခေါ်ဆိုမှုတွေ လုပ်နိုင်မယ့် နည်းပညာကို iPhone 13 မှာ သုံးလာဖို့ ရှိတယ်လို့ နာမည်ကြီး iPhone သတင်းသုံးသပ်သူတစ်ဦးကဆိုပါတယ်။ ဂြိုလ်တုဆက်သွယ် ရေးစနစ်က 4G နဲ့ 5G မရတဲ့ ဒေသတွေမှာ ဖုန်းခေါ်တာ ၊ စာပို့တာ တွေ လုပ်နိုင်မှာပါ။

Apple analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုရဲ့ မှတ်ချက်ကို ကိုးကားပြီး iPhone 13 ဖုန်းသစ်တွေမှာ ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်တဲ့ နည်းပညာသုံးသွားမယ်လို့ MacRumors သတင်းက ဆိုပါတယ်။ iPhone 13 မှာ Low Earth Orbit (LEO) ဂြိုလ်တုဆက်သွယ်ရေး ချိတ်ဆက်မှုစနစ်ပါလာမယ်လို့ မင်ချိကုအိုက ပြောပါတယ်။ ဒီနည်းပညာကြောင့် 4G နဲ့ 5G မရတဲ့ ဒေသတွေမှာ ဖုန်းခေါ်တာ ၊

iPhone 13 မော်ဒယ်တွေမှာ LEO satellite ဂြိုလ်တုတွေနဲ့ ချိတ်ဆက်နိုင်မယ့် hardware တပ်ဆင်သွားမှာ ဖြစ်‌ပြီး ဒီထုတ်ကုန်ဟာ ဂြိုလ်တုဆက်သွယ်ရေးပံ့ပိုးမှုပေးမယ့် custom Qualcomm X60 baseband chip ဖြစ်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တခြားစမတ်ဖုန်း brands တွေအနေနဲ့ ဂြိုလ်တုဆက်သွယ်ရေး လုပ်ဆောင်ချက် သုံးနိုင်မယ့် X65 baseband chip ကို သုံးနိုင်ဖို့ ၂၀၂၂ ခုနှစ်အထိ စောင့်ဆိုင်းရဖို့ ရှိပါတယ်။

iPhone 13 မှာ သုံးမယ့် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာဟာ iMessage နဲ့ FaceTime လိုမျိုး Apple Services တွေပဲ သုံးနိုင်မလား ဒါမှမဟုတ် ပုံမှန်ဆဲလ်တာဝါတွေနဲ့ ဆက်သွယ်နိုင်ဖို့ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာကို ကြားခံအဖြစ် သုံးမလား မသိရသေးပါဘူး။ နောက်တစ်ချက်အနေနဲ့ ဂြိုလ်တု လုပ်ဆောင်ချက် features တွေကို GPS လိုမျိုး အလကားပေးသွားမလား ၊ သီးသန့် အသုံးပြုကြေး ပေးရဦးမလားဆိုတာလည်း မသိရသေးပါဘူး။

Apple ရဲ့ iPhone သစ်တွေကို လာမယ့်စက်တင်ဘာလထဲမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားပြီး လက်ရှိအချိန်အထိတော့ တရားဝင်မိတ်ဆက်မယ့်ရက် ထွက်မလာသေးပါဘူး။ စက်တင်ဘာ ၁၄ ရက်နေ့ မိတ်ဆက်မယ်ဆိုတဲ့ သတင်းကလည်း စောင့်ကြည့်ရဦးမှာပါ။ သတင်းတွေအရ iPhone 13 ဖုန်းသစ်တွေဟာ ပိုသေးတဲ့ notch ဒီဇိုင်း ၊ ပိုကြီးလာတဲ့ ကင်မရာ bump နဲ့ ပန်းရောင် ၊ matte black ၊ ကြေးဝါရောင်ရွှေကာလာတွေနဲ့လည်း ထွက်လာဖို့ ရှိပါတယ်။

SHARE THIS NEWS

OTHER NEWS