14 April 2024

စက်တင်ဘာ ၃ ရက်၊ ၂၀၂၁

 

ပြီးခဲ့သည့် ဇွန်လနှင့်ဇူလိုင်လများတွင် လေဆိပ်အတွင်းခရီးသည်များကို ပိုးစစ်ဆေးရာမှ မြူမျိုးကွဲ (MU) ကိုဗစ်-၁၉ ပိုးရှိလူနာ ၂ ဦး

တွေ့ရှိခဲ့သည်ဟု ဂျပန်အတည်ပြု။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) မှစောင့်ကြည့်စရာမျိုးကွဲအဖြစ်သတ်မှတ်ခံထားရသည့် မြူမျိုးကွဲ (MU) ကိုဗစ်-၁၉ လူနာ ၂ ဦးကို

တွေ့ရှိခဲ့သည်ဟု ဂျန်ပန်ပြည်သူကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

 

ပြီးခဲ့သည့်ဇွန်လ ၂၆ ရက်နေ့တွင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံမှပြန်လာသည့် အသက် ၄၀ စွန်းစွန်းအမျိုးသမီးတစ်ဦး

နှင့် ဇူလိုင်လ ၅ ရက်နေ့တွင် ယူကေမှပြန်လာသည့်အသက် ၅၀ စွန်းစွန်းအမျိုးသမီးတစ်ဦးတို့တွင်တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

အဆိုပါမြူမျိုးကွဲ ခေါ် B.1.621 မျိုးကွဲသည် မည်သို့ကူးစက်တတ်သည်နှင့်လူ့ကိုယ်ခံအားစနစ်ကိုရှောင်တိမ်းနိုင်ခြင်းရှိမရှိ အတည်ပြု

နိုင်ခြင်းမရှိသေးဟု ဆိုသည်။

 

သို့သော် မြူမျိုးကွဲ၏ဗီဇပြောင်းလဲပုံသည် လူ့ကိုယ်ခံစားစနစ်ကိုရှောင်တိမ်းနိုင်ခြေရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဖော်ပြထား

သည်။ ၎င်းကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကိုလံဘီယာနိုင်ငံ၌ပထမဆုံးတွေ့ရှိခဲ့ပြီး ပြည်တွင်းပိုးတွေ့လူနာဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်မြင့်

မားကာ အနည်းဆုံး နိုင်ငံပေါင်း ၄၀ တွင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS