20 April 2024

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁

 

လာမည့်ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အိမ်နီးချင်း ၄ နိုင်ငံနယ်စပ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်တော့မည်ဟု ထိုင်းအစိုးရ ဆို။

 

 

ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး (အငြိမ်းစား) ပရာယွတ် ကျန်အိုချာ၏ ရက် ၁၂၀ နိုင်ငံပြန်ဖွင့်ရေးမူဝါဒအရ အဆင့် ၄ ဆင့်ဖြင့်

နိုင်ငံပြန်ဖွင့်ရာတွင် အဆင့် ၄ အနေဖြင့် အိမ်နီးချင်း ၄ နိုင်ငံနယ်စပ်ဂိတ်များကို (travel bubble) ပုံစံဖြင့် လာမည့် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍

ဇန်နဝါရီလ ၁၅ ရက် (၂၀၂၂ ခုနှစ်) နေ့အတွင်း ဖွင့်လှစ်သွားမည်ဟု ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့ကဆိုသည်။

 

 

ထိုင်း-မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် တာ့ခ် (မဲဆောက်)၊ ချင်းရိုင် (တာချီလိတ်)၊ ရနောင်း (ကော့သောင်း)၊ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ဂိတ်များဖြစ်

သည့် စူရင်(ချောင့်ကျော်)၊ စာကက်ယောက် (အရန်ယျပရထေ့)၊ တရတ် (ကော်ကွန်)၊ ထိုင်-လာအိုနယ်စပ်ဂိတ်များဖြစ်သည့် နခေါ်မဖွမ်၊ နောင်းခိုင်၊

မုဒါဟန်း၊ ထိုင်း-မလေးနယ်စပ်ဂိတ်များဖြစ်သည့် ယလာ (ဘေတွန်)၊ နရာသီဝ(စူငိုင်းကို-လွတ်)၊ စုန်း ခလား (ဒန်နော့၊ပါဒန်ဘေဆာ)၊ စတူ (ဝမ်ပရကျန်)

စသည့်နယ်စပ်ဂိတ်များပါဝင်သည်ဟု ဆိုသည်။

 

နယ်မြေတွင်းပြည်သူ့ကျန်းမာရေးလုပ်ငန်းများအဆင်သင့်ဖြစ်မှုအပေါ်မူတည်ပြီးပုံစံကွဲပြားသွားမည်ဟုသိရပြီး ကာကွယ်ဆေးထိုးနှံထားသည့်လူဦးရေ

သည် ၇၀ ရာခိုင်းနှုန်းရှိရမည်ဟု ဆိုသည်။

 

ပြည်တွင်းခရီးသွားပြန်လည်ဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး အောက်တိုဘာလသည် ထိုင်းမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့်တောင်ပိုင်းရှိ အက်ဒမံကမ်းရိုးတမ်း

၆ ခရိုင်၏ ခရီးသွားရာသီဖြစ်၍ လာမည့် အောက်တိုဘာ ၁ ရက်နေ့မှစပြီး ပြည်လည်ဖွင့်လှစ်သွားမည်ဟု ထိုင်းခရီးသွားနှင့်အားကစားဝန်ကြီးက အတည်ပြု

ပြောဆိုသည်။

 

လာမည့်အောက်တိုဘာလ ၁ ရက်နေ့တွင် ဗန်ကောက်၊ ချင်းမိုင်(ချင်းမိုင်မြို့နယ်၊ မဲ့ရင်မြို့နယ်၊ ဒွယ်တောင်မြို့နယ်)၊ ပရကျွပ်ခီရီခန်း (ဟွားဟင်မြို့နယ်)၊

ဖစ်ဘူရီ (ချအမ်မြို့နယ်)၊ ချွန်ဘူရီ (ဖတ္ထယာမြို့နယ်၊ ဘန်လမွန်မြို့နယ်၊ စတ္တဟစ်မြို့နယ်) စသည့်နေရာများကိုဖွင့်လှစ်ပေးမည်ဟု ဆိုသည်။

 

 

ထို့နောက် အောက်တိုဘာ ၁၅ ရက်နေ့တွင် နိုင်ငံတဝှမ်းရှိ ခရိုင် ၂၁ ခုကိုအလည်ခရီးထွက်ခွင့်ပြုမည်ဟုဆိုသည်။

SHARE THIS NEWS

OTHER NEWS