On-top-package-Aug

Entertainment

ပရိသတ်တွေနဲ့အတူမွေးနေ့မှာထမင်းဘူးများလှူဒါန်းခဲ့တဲ့ Pae Arak

ပရိသတ်တွေနဲ့အတူမွေးနေ့မှာထမင်းဘူးများလှူဒါန်းခဲ့တဲ့ Pae Arak

ကိုဗစ်ကာလမှာ ဝင်ငွေပြတ်တောက်ပြီး အခက်အခဲဖြစ်နေကြရတဲ့ သူတွေအများအပြား ရှိခဲ့ပါတယ်။ အဲဒါကိုရည်ရွယ်ပြီး Pae Arak ကသူရဲ့ပရိသတ်တွေနဲ့အတူ ထမင်းဘူးတွေ လှူဖို့စီစဉ်ခဲ့ကြတာပါ။ 

အဆိုတော် သရုပ်ဆောင်မင်းသား Pae Arak ရဲ့မွေးနေ့မှာအခက်ခဲဖြစ် နေတဲ့သူတွေ အတွက် ထမင်းဘူးပေါင်း ၅၀၀ နဲ့ အိမ်အသုံးဆောင် ဆေးဝါး များကိုလှူဒါန်း ဖြစ်ခဲ့တယ်လို့သိရပါတယ်။




Pae ပရိသတ်တွေ စုဖွင့်ထားတဲ့ အင်စတာဂရမ်ကတော့  “ဒီနေ့ Pae မွေးနေ့မှာ ထမင်းဘူး ၅၀၀ နဲ့ အိမ်အသုံးဆောင် ဆေးဝါးများကို ကိုဗစ်ကြောင့်အခက်အခဲဖြစ်နေတဲ့ သူတွေကို လှူဒါန်းဖြစ်ခဲ့ပါတယ်။ Pae ရဲ့မွေးနေ့အတွက် ဝိုင်းဝန်းလုပ်ဆောင် ပေးခဲ့ကြတဲ့ သူတိုင်းကိုကျေးဇူးအရမ်းတင်ရှိပါတယ်” လို့ရေးသားထားခဲ့ပါတယ်။




ပရိသတ်အမြောက်အများကတော့ ကွန်မင်းမှာ “ကောင်းမွန်တဲ့အလှူလေးတစ်ခု ဖြစ်ပါစေ..” စသည်ဖြင့်လာပြီးကွန်မန့် ပေးခဲ့ကြပါတယ်။