29 March 2024

စက်တင်ဘာ ၇ ရက်၊ ၂၀၂၁

 

လာမည့်စက်တင်ဘာ ၁၅ ရက်နေ့စ၍ ကိုဗစ်-၁၉ စစ်ဆေးကိရိယာ (ATK ) အခုရေ ၈.၅ သန်းကို အခမဲ့ပေးဝေသွားမည်ဟု ထိုင်းဝန်ကြီးချုပ်ဆို။

 

 

လာမည့်စက်တင်ဘာ ၁၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ စစ်ဆေးကိရိယာ (ATK) အခုရေ ၈.၅ သန်းကိုရှောရှောရှူရှူပေးဝေနိုင်ရန်အတွက် ကျန်းမာ

ရေးဝန်ကြီးဌာနနှင့်အမျိုးသားကျန်းမာရေးအာမခံဌာနတို့ကိုအသင့်ပြင်ဆင်ထားကြရန် ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး

(အငြိမ်းစား) ပရာယွတ် ကျန်အိုချာက ညွှန်ကြားခဲ့သည်ဟု ထိုင်းအစိုးရအဖွဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ တြိုင်စူလီ တြိုင်သောရနကွန်

ကဆိုသည်။

 

 

 

ပြီးခဲ့သည့်ရက်ပိုင်းတွင် ထိုင်းနိုင်ငံဆေးဝါးကျွမ်းကျင်အဖွဲ့ချုပ်ဉက္ကဌမှ အိမ်တွင်ကိုယ်တိုင်စစ်ဆေးနိုင်သည့် ကိုဗစ်-၁၉ စစ်ဆေးကိရိယာ

သို့မဟုတ် Antigen Test Kit (ATK) အခုရေ ၈.၅ သန်းမှာယူသည့်အရောင်းအဝယ်စာချုပ်တစ်ခုကို လက်မှတ်ထိုးအတည်ပြုပေးခဲ့သည်ဟု

ဆိုသည်။

 

 

ထိုသို့ပေးဝေရာတွင် ကျန်းမာရေးအာမခံစနစ်အောက်ရှိဌာနများမှတဆင့်ပေးဝေးသွားမည်ဖြစ်ပြီး ပုံစံနှစ်မျိုးဖြင့်ပေးဝေသွားမည်ဟု ဆိုသည်။

 

 

ပထမပုံစံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ညှိနှိုင်းရေးမှူးများ၊ ပြည်သူ့ကျန်းမာရေးစေတနာ့ဝန်ထမ်းများ၊ ရပ်ကျေးပြည်သူ့ကျန်းမာရေး

စေတနာ့ဝန်ထမ်းများမှတဆင့် ပြည်သူများထံသို့ဖြန့်ဝေသွားမည်ဟုဆိုသည်။

 

 

ဒုတိယပုံစံတွင် စီမံချက်အတွင်းပါဝင်ထားသည့် နိုင်ငံတဝှမ်းရှိဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ဆေးခန်းများ၊ ဆေးဆိုင်များမှတဆင့်

ဖြန့်ဝေမည်ဖြစ်ပြီး ပြည်သူများက ပေါင်းတန်အပ်မှတဆင့်မှာယူရမည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS