20 April 2024

စက်တင်ဘာ ၈ ရက်၊ ၂၀၂၁

 

အသက် ၂ နှစ်အရွယ်ထိုင်းကလေးငယ်ကို တောစောင့်နတ်တောင်စောင့်နတ်ထံ ယဇ်ပူဇော်ရန် ရွာနှင့် ၃ ကီလိုမီတာခန့်ကွာဝေးသည့်

လိုဏ်ဂူဝတွင်ပစ်ထားခဲ့သည်ဟု မြန်မာအမျိုးသားထွက်ဆို။

 

 

အသက် ၁ နှစ် ၁၁ လသာရှိသေးသည့် ထိုင်းကလေးမ “နောင်းကျီနာ့” ကို တောစောင့်နတ်တောင်စောင့်နတ်ထံယဇ်ပူဇော်ရန် ခိုးယူပြီး

ရွာနှင့် ၃ ကီလိုမီတာခန့်ကွာဝေးသည့် လိုဏ်ဂူဝတွင် ပစ်ထားခဲ့သည်ဟု အသက် ၄၄ နှစ်အရွယ်မြန်မာအမျိုးသားက ထွက်ဆိုသည်။

 

 

ကလေးငယ်ကိုလိုဏ်ဂူစောင့်နတ်ထံယဇ်ပူဇော်ရန် တောစောင့်နတ်တောင်စောင့်နတ်ကပြောလာသည့်အသံကိုကြားရ၍ ချင်းမိုင်ခရိုင်၊

မယ်တဲမြို့နယ်၊ အင်ထခင်းကျေးရွာအုပ်စု၊ မူ-၁၆ နှင့် ၃ ကီလိုမီတာခန့် ကွာဝေးသည့်လိုဏ်ဂူဝသို့ခေါ်ဆောင်သွားပြီး ပစ်ထားခဲ့သည်ဟု

ဆိုသည်။

 

 

အဆိုပါထိုင်းကလေးမသည်ပြီးခဲ့သည့် စက်တင်ဘာ ၅ ရက်နေ့ ညနေစောင်းအချိန်တွင် အိမ်မှပျောက်ဆုံးသွားခဲ့ပြီး ရဲနှင့်သစ်တောပူးပေါင်း

တပ်ဖွဲ့မှ ရဟတ်ယာဉ်ဖြင့် ၃ ရက်ကြာလိုက်လံရှာဖွေခဲ့ရသည်ဟု သိရှိရသည်။

 

ထို့နောက် အိမ်အဝင်အထွက်ရှိသည့် ကလေးမဖခင်နှင့်ရင်းနှီးသူ မြန်မာအမျိုးသားကို ခေါ်ယူစစ်ဆေးရာမှ ကလေးမကိုယဇ်ပူဇော်ရန်

ခိုးယူခဲ့သည်ဟု ဝန်ခံခဲ့သည်။

SHARE THIS NEWS

OTHER NEWS