25 April 2024

စက်တင်ဘာ ၉ ရက်၊ ၂၀၂၁

 

ထိုင်းခေတ်သစ်တရားဟောဆရာတော်နှစ်ပါးကို အနှစ်သာရ ၇၀ ရာခိုင်နှုန်း၊ အပျော် ၃၀ ရာခိုင်နှုန်းဓမ္မဆွေးနွေးရန် ထိုင်းသာသနာရေးရာညွှန်ကြား။

 

လူမှုကွန်ရက်မီဒီယာတွင် လိုက်ဖ်လွှင့်ပြီးဓမ္မဆွေးနွေးရာမှ အောက်လွှတ်တော် သာသနာ၊ အနုပညာနှင့်ယဉ်ကျေးမှုကော်မရှင်က ယနေ့မနက်နက်

လွှတ်တော်သို့ ပင့်ခေါ်ခဲ့ပြီးနောက် လိုက်ဖ်အစီအစဉ်တွင် ဓမ္မအနှစ်သာရ ၇၀ ရာခိုင်နှုန်းနှင့်အပျော်ပျက်လုံး ၃၀ ရာခိုင်နှုန်းဆွေးနွေးရန် ညွှန်ကြားခဲ့

သည်ဟု သိရသည်။

 

သို့သော် ဓမ္မပရိသတ်များအတွက်ငြီးငွေ့ဖွယ်ရာမဖြစ်စေရန် ဓမ္မအနှစ်သာရ ၅၀ ရာခိုင်နှုန်းနှင့် အပျော်ပျက်လုံး ၅၀ ရာခိုင်နှုန်းဆွေးနွေးရန်

ဆရာတော်နှစ်ပါးကပြန်လည်မိန့်ခဲ့သည်ဟု ဆိုသည်။

 

တဖက်တွင်လည်း လိုက်ဖ်လွှင့်စဉ် ကုန်ပစ္စည်း/ဝန်ဆောင်မှုအမှတ်တံဆိပ်ဝင်ရောက်ကြော်ငြာသောကုမ္ပဏီများကိုဆက်လက်ခွင့်ပြုထားပြီး

“ကြော်ငြာ” ဟု မသုံးနှုန်းဘဲ “ပံ့ပိုးလှူဒါန်းသည်” ဟု သုံးနှုန်းရန် ဗုဒ္ဓသာသနာရုံးမှ ညွှန်ကြားထားသည်။

SHARE THIS NEWS

OTHER NEWS