ဘယ်နေ့မှာမွေးတဲ့သူတွေက အလုပ်ခွင်ထဲမှာ ဘယ်လိုအကျင့်စရိုက်တွေရှိကြလဲဆိုတာသွားကြည့်လိုက်ကြရအောင်
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေသားသမီးတွေဟာ
လုပ်ငန်းခွင်အတွင်း သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိကြပါတယ်။ အလုပ်ကိုစနစ်တစ်ကျစီမံခန့်ခွဲ
တတ်တယ် ကိုယ်ပိုင်ဆုံးဖတ်ချက်ရှိတဲ့အပြင် အလုပ်လုပ်ရာမှာ တိကျမှုရှိကြပါတယ်။ တနင်္ဂနွေသားသမီးတွေဟာ
ထက်မြက်ကြတဲ့သူတွေဖြစ်ကြပါတယ်။ လွတ်လွတ်လပ်လပ် အလုပ်လုပ်ရတာကိုကြိုက်တယ်။
ဒါကြောင့် တနင်္ဂနွေ သားသမီးများနဲ့ အလိုက်ဖက်ဆုံးအသက်မွေးဝမ်းကျောင်းကတော့
အရောင်းအဝယ် လုပ်ငန်းတွေပဲဖြစ်ပါတယ်။
တနင်္လာသားသမီးများ
တနင်္လာသားသမီးတွေဟာ တစ်ခုခုလုပ်ကိုင်တော့မယ်ဆိုရင်
စေ့စေ့စပ်စပ် အစီအစဉ်ဆွဲပြီးမှ လုပ်ကိုင်လေ့ရှိကြပါတယ်။
စိုးရိမ်သောကအရမ်းများတတ်သလို စိတ်နေသဘောထား ပြောင်းလဲလွယ်ပါတယ်။
တနင်္လာသားသမီးများဟာ အလုပ်ကို အလေးနက်ထားလုပ်ကိုင်တတ်ကြသူတွေပါ
စကားအပြောအဆိုကျွမ်းကျင်တယ် တစ်ချိန်တည်းမှာပဲ တစ်ချို့အချိန်တွေမှာ
လုံလစိုက်ထုတ်မှု အားနည်းတာကြောင့် အမှားအယွင်းများဖြစ်စေတတ်ပါတယ်။
သူတို့နဲ့လိုက်ဖက်တဲ့အလုပ်တွေကတော့ စေ့စပ်ညှိနှိုင်းရေးမှုး၊
ဝန်ဆောင်မှုလုပ်ငန်းများနှင့် အရောင်းစာရေးတို့ပဲဖြစ်ပါတယ်။
အင်္ဂါသားသမီးတွေဟာ သူတို့ကို
အမိန့်ပေးပြီးစေခိုင်းတာမျိုးကို ကြိုက်နှစ်သက်လေ့ရှိသူတွေမဟုတ်ပါဘူး
လွတ်လွတ်လပ်လပ် နေရတာကိုကြိုက်နှစ်သက်ပြီး သူတို့ဟာယုံကြည်မှုအပြည့်ရှိကြတဲ့သူတွေပါ။
ဘယ်လောက်ပဲ ခက်ခဲတဲ့အလုပ်ပဲဖြစ်နေပါစေ အောင်မြင်တဲ့အထိ
ကြိုးစားလုပ်ကိုင်တတ်သူတွေဖြစ်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများ
ဗုဒ္ဓဟူးသားသမီးတွေဟာ
အလုပ်ကိုစနစ်တစ်ကျလုပ်ကိုင်တတ်သူတွေပါ အတွေးခေါ်ကောင်းတွေကို ပိုင်ဆိုင်ထားကြတဲ့
သူတွေ ဖြစ်ပြီး အကြီးအကဲတွေနဲ့ စကားပြောဆိုတတ်သူတွေလည်းဖြစ်ပါတယ်။
ပြီးတော့ ဗုဒ္ဓဟူးသားသမီးများဟာ
ဘယ်အလုပ်ကိုလုပ်လုပ် လက်မလျှော့ဘဲ စိတ်ရှည်သီးခံပြီး အလွယ်နဲ့ရှုံးမပေးကြ
သူတွေဖြစ်ပါတယ်။
ကြာသပတေးသားသမီးများ
ကြာသပတေးသားသမီးတွေဟာ
အလွန်စိတ်ရှည်ပြီး ခေါင်းဆောင်နိုင်စွမ်းရှိသူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့က
အခြားသူတွေကို
အမိန့်ပေးစေခိုင်းတာမျိုးတွေ ကြိုက်နှစ်သက်ကြတယ်။ ဒါပေမယ့်လည်း
သူတို့ဟာဆင်ခြင်တုံ တရားရှိတဲ့သူတွေပါ အလုပ်ကိုခိုင်းစေတဲ့အခါ မျှမျှတတ
ခိုင်းစေတတ်လေ့ရှိကြပါတယ်။
ကြာသပတေးသားသမီးတွေဟာ
အုပ်ချုပ်ရေးမှုအပိုင်းမှာ ကောင်းမွန်တာကြောင့် မန်နေဂျာ၊ အုပ်ချုပ်ရေးမှုး
စတဲ့အလုပ်တွေက သူတို့နဲ့ သင့်လျော်ပါတယ်။
သောကြာသားသမီးများ
သောကြာသားသမီးတွေက
စကားပြောရင်အလွန်စွဲဆောင်မှုရှိကြတဲ့သူတွေဟာ စကားအပြောအဆို ပြေပြစ်ပြီး
အပြောနှင့်အလုပ် ညီသူလည်းဖြစ်ပါတယ်။ လေ့လာသင်ယူချင်စိတ် အပြည့်ရှိကြသူတွေဖြစ်တယ်
လူအများနှင့် ပေါင်းသင်းဆက်ဆံပြောဆိုရတာကိုလည်းကြိုက်နှစ်သက်ကြသူတွေဖြစ်ပါတယ်။
ဒါကြောင့် သောကြာသားသမီးတွေဟာ အရောင်းအဝယ် သို့မဟုတ်
ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ သင့်လျော်ပါတယ်။
စနေသားသမီးများ
စနေသားသမီးတွေဟာ ဆုံးဖြတ်ချက်ခိုင်မာသူတွေ ဖြစ်ပါတယ်။
သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်ရှိတယ် တာဝန်ယူ စိတ်အပြည့်ရှိပြီး
ဖြတ်ထိုးဉာဏ်ကောင်းသူတွေဖြစ်ပါတယ်။ စနေသားသမီးတွေက အလုပ်ကိုဖြေရှင်းရာမှာ
စိတ်ခံစားမှု ထည့်ပြီးဖြေရှင်းလေ့မရှိကြပါဘူး
ဒါပေမယ့်သူတို့က အလုပ်ကိုအမြဲ နောက်ကျမှ လာတတ်သူတွေဖြစ်ပါတယ်။
စနေသားသမီးတွေနဲ့ သင့်လျော်တဲ့အလုပ်ကတော့ ကုန်သွယ်ရေး
အလုပ်ပဲဖြစ်ပါတယ်။
အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်
: www.sanook.com