29 March 2024

စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် စမွီးကျွန်းတွင် ၁၀ နှစ်ကျော် ဗီဇာရက်လွန်နေထိုင်သည့် ဟန်ဂေရီအမျိုးသမီးကို စူရတ်ဌာနီလူဝင်မှု ဖမ်းဆီးအ‌ရေးယူ။

 

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် စမွီးကျွန်းတွင် ၁၀ နှစ်ကျော် (၄,၁၆၅ ရက်) ဗီဇာရက်လွန်နေထိုင်သည့် ဟန်ဂေရီအမျိုးသမီးကို ဖမ်းဆီးပြီး တရားမဝင်

နေထိုင်မှုဖြင့်စွဲချက်တင်ထားသည်ဟု စူရတ်ဌာနီခရိုင်လူဝင်မှုကြီးကြပ်ရေးက ဆိုသည်။

 

အဆိုပါအမျိုးသမီးသည် MRS. ANGELIKA EDINA BALLA ဖြစ်ပြီး နိုင်ငံကူးလက်မှတ်အမှတ် BB2716695 ကိုကိုင်ဆောင်ကာ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀

ရက်နေ့ ၂၀၀၉ ခုနှစ်တွင် အလည်ဗီဇာဖြင့်ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ပြီး စမွီးကျွန်းတွင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည့် ခင်ပွန်းဖြစ်သူနှင့်အတူလိုက်ပါနေ

ထိုင်ခဲ့သည်ဟု သူမကထွက်ဆိုသည်။

 

သူမကိုင်ဆောင်ထားသည့်ဗီဇာသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ၂၀၁၀ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီး‌နောက် သက်တမ်းတိုးထားမပြုဘဲ ကော်စမွီးမြို့နယ်

ဘော်ဖွတ်ကျေးရွာအုပ်စုရှိ အငှားအိမ်တစ်ခုတွင်ပြောင်းရွှေ့နေထိုင်ခဲ့သည်ဟု ဆိုသည်။

 

ယခုလဆန်းပိုင်းတွင် သူမ၏အမျိုးသားသေဆုံးခဲ့ပြီးနောက် စမွီးကျွန်းတဝိုက်တွင် အလည်ထွက်ရာမှ ဘော်ဖွန်ကျေးရွာအုပ်စု မူ-၄ ရှိ ဘန်ရတ်ကမ်းနားလမ်းတွင်

ဖမ်းဆီးခံခဲ့ရပြီး ဉပ‌ဒေအရအရေးယူဆောင်ရွက်ရန်အတွက် ဘော်ဖွတ်နယ်မြေရဲစခန်းသို့ပို့ဆောင်ခံခဲ့ရသည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS