23 April 2024

ဓာတ်ပုံ JS 100 Radio

 

 

စက်တင်ဘာ ၂၀ ရက်၊ ၂၀၂၁

 

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်နေ့တွင် ကာလတန်ဖိုး ဘတ် ၂ သန်းကျော်ရှိသည့် ခြင်ပြေးစက်အတု အလုံးရေ ၇,၀၀၀ကျော်တင်သွင်းရောင်းချသူကို

ထိုင်းစားသုံးသူမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ထိုင်းအစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး (FDA) ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးအရေးယူ။

 

 

 

ခြင်ပြေးစက်အတုအလုံးရေ ၇,၀၀၀ ကျော်ကို ပြည်ပမှတရားမဝင်တင်သွင်းပြီး ပြည်တွင်းရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးမှတ်ပုံတင်ထားသည့်

ကုန်ပစ္စည်းတစ်ခုကို အမည်ခံရောင်းချနေသည့် ပမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီမြို့နယ်၊ ဘန်ကက်ယောက်ကျေးရွာအုပ်စုနယ်မြေအတွင်းရှိ ကုန်ပစ္စည်းသို

လှောင်ရုံတစ်ခုကို ထိုင်းစားသုံးသူမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ထိုင်းအစား အသောက် နှင့်ဆေးဝါးကွပ်ကဲရေးရုံး (FDA) ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စစ်

ဆေးပြီး ဖမ်းဆီးအရေးယူခဲ့သည်ဟုသိရသည်။

 

 

 

 

အဆိုပါတရားမဝင်ခြင်ပြေးစက်အတုများကို နိုင်ငံခြားမှတင်သွင်းပြီး ပြည်တွင်းရှိ FDA မှတ်ပုံတင်နံပါတ်အတုဖြင့် MOSQUITO GUARD အမည်ခံကာရောင်း

ချနေသည်ဟု ကာယကံရှင်က ထွက်ဆိုသည်။

 

 

 

 

ထို့သို့ရောင်းချရာတွင် ခြင်ပြေးစက်တွင်အသုံးပြုထားသည့်ဆေးရည်သည် ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးသူငယ်များအတွက် အန္တရာယ်ကင်းပြီး

အိမ်သားများအတွက်စိတ်ချရသည်ဟု လိမ်လည် ကြော်ငြာထားသည်ဟု ဝန်ခံသည်။

 

 

 

 

၎င်းဆေးရည်သည် အန္တရာယ်ရှိသော ဓာတုဆေးရည်တစ်မျိုးဖြစ်၍ ထိုင်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးရုံး၏ စစ်ဆေးခွင့်ပြုချက်ကိုရယူပြီးမှ

သာ ဈေးကွက်ထဲရောင်းချနိုင်သည်ဟုသိရှိရသည်။

 

 

 

 

 

ထိုင်းနိုင်ငံအန္တရာယ်ရှိသောပစ္စည်းအက်ဉပဒေ ဘီအီး ၂၅၃၅ အရ အန္တရာယ်ရှိသောပစ္စည်း အမျိုးအစား (၁) ကိုလက်ကိုင်ဆောင်မှုသည် ၃ နှစ် ၆ လ

ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဘတ် ၃ သိန်း ၅သောင်းထက်မပိုသောငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်ပြီး၊ အန္တရာယ်ရှိသော

ပစ္စည်း အမျိုးအစား (၃) ကိုလက်ဝယ်ထားရှိမှုသည် ၇ နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ဘတ် ၇ သိန်း ထက်မပိုသောငွေဒဏ် သို့မဟုတ်

ပြစ်ဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်ဟု စားသုံးသူမှု ခင်းနှိမ်နင်း ရေးရဲတပ်ဖွဲ့က ဆိုသည်။

 

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS