19 April 2024

ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၄၇ ယောက်နှင့် လမ်းပြ ၄ ယောက်ကို ကန်ကျဘူရီခရိုင် ဆိုင်ယို့မြို့နယ်မှာ ကင်းလှည့်နေတဲ့လုံခြုံရေးတပ်သားတွေက စက်တင်ဘာ ၂၀ ရက်နေ့ အစောပိုင်းလောက်က ဖမ်းဆီးခဲ့ပါတယ်။

 

 

ဝင်ရောက်ဖမ်းဆီးတဲ့နေရာမှာ စစ်သားတွေ၊ ရဲတွေနဲ့ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့ဟာ မြန်မာနိုင်ငံသား ၄၀ ကျော်ကို မနက် ၆ နာရီလောက်က ဒေသတွင်း ဗလီတခုရှေ့ရှိသစ်ပင်တွေကြားမှာ တွေ့ရှိခဲ့ရတာလို့ နယ်မြေခံသတင်းတွေကဖော်ပြထားပါတယ်။

 

 

မြန်မာအမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၁၉ ယောက်ပါဝင်ပြီး။ ထားဝယ်နဲ့ ပဲခူးမြို့တွေကနေ ထိုင်း-မြန်မာနယ်စပ်ထိ လမ်းပြအမျိုးသား ၄ ယောက်က ဦးဆောင်ခေါ်လာခဲ့တာလို့ ပြောပါတယ်။

 

 

သူတို့ဟာ ဘန်ကောက်နဲ့ နခွန်ပထုံဒေသတွေဆီ သွားရောက်ဖို့ စောင့်ဆိုင်း နေချိန်ဖြစ်ပြီး ခုလိုလာရောက်ဖို့ တယောက်ကို ပွဲစားခဘတ်ငွေ ၁၄,၀၀၀ ကနေ ၂၅,၀၀၀ ပထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ – โจโฉ ကိုးကား – DVB TV News

SHARE THIS NEWS

OTHER NEWS