26 April 2024

အောင်မြင်ခြင်းမရှိသည့် အာဏာသိမ်းမှုကိုကျူးလွန်ခဲ့တဲ့ အာဏာသိမ်းအာဏာသိမ်းခေါင်းဆောင်နှင့် နောက်လိုက်တွေကို ဖမ်းဆီး ထိန်းချုပ်ထားခဲ့ ပြီဖြစ်ကြောင်း ဆူဒန် လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီက ၂၀၂၁ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက ကြေညာခဲ့ပါတယ်။

 

အာဏာသိမ်းခဲ့တဲ့ အုပ်စုဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကာကွယ်ရေးဝန်ကြီးနှင့် စစ်တပ်အကြီးအကဲ Awad ibn Uf ရဲ့ အာဏာလုယူခြင်းကို ခံခဲ့ရတဲ့ သမ္မတဟောင်း Omar al-Bashie ရဲ့

လက်ချက်ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါ တယ်။

 

 

သမ္မတဟောင်း Omar al-Bashie

 

လက်နက်ကိုင် အုပ်စုတစ်စုက ရုပ်သံဌာနနဲ့ စစ်တပ်ဌာနချုပ်ကို ကျူးကျော်ရန် ကြိုးပမ်းနေချိန်မှာ ဆူဒန်အသွင် ပြောင်းအစိုးရက တပ်နှင့် တင့်ကားများကို

စေလွှတ်ခဲ့ကာ ပြည်သူတွေအနေနဲ့ တိုင်းပြည်ကို ကာကွယ် ကြရန် ကြေညာချက်နှင့်အတူ အာဏာသိမ်းမှု အထမမြောက်အောင်ကာကွယ်ခဲ့ကြတာပါ။

 

မအောင်မြင်တဲ့အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တဲ့ ခေါင်းဆောင်နှင့် နောက်လိုက်တွေကို ဖမ်းဆီးထိန်းသိမ်းထား နိုင်ကြောင်း နိုင်ငံတစ်ကာ သတင်းတွေမှာဖေါ်ပြပါတယ်။

ဆူဒန်ကို လက်ရှိတွင် လွန်ခဲ့တဲ့ ၂ နှစ်က သမ္မတဟောင်း Omar al-Bashie ကိုအဏာသိမ်းပြီးတက်လာ တဲ့ စစ်တပ်နှင့် အသွင်ပြောင်းအစိုးရတို့က နောက် ၂ နှစ်တွင် ရွေးကောက်ပွဲ

ကျင်းပပေးမယ်ဆိုတဲ့ ကတိပြုကာ အုပ်ချုပ်နေတာဖြစ်ပါတယ်။

 

ယခင်သမ္မတဟောင်း Omar al-Bashie အုပ်ချက်စဉ်ကတည်းက ဆူဒန်နိုင်ငံသားတွေဟာ နိုင်ငံရေး၊ စီးပွားရေးပြဿနာတွေနဲ့ အမြဲရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS