26 April 2024

ဓာတ်ပုံ Manager Online

 

ရုရှားအစိုးရက လာအိုကို တစ်ကြိမ်တည်းထိုးနှံရသည့် Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သောင်းဒို့စ်ထောက်ပံ့။

 

ရုရှားအစိုးရက လာအိုအစိုးရအား တစ်ကြိမ်တည်းထိုးနှံရသည့် Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေး၃ သောင်းဒို့စ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ဒုတိယအသုတ်အဖြစ်ထောက်ပံ့ပေးခဲ့ပြီး ဝပ်တိုင်လေဆိပ်တွင်ပေးအပ်ပွဲပြုလုပ်ခဲ့သည်ဟု သိရသည်။

 

မော်စကိုအစိုးရသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် ဗီယန်ကျင်းအစိုးရအား Sputnik V ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအသုတ် ၁ ထောင်ဒို့စ်ထောက်ပံ့ပေးထားသည်ဟု သိရသည်။

 

လာအိုနိုင်ငံအတွင်းကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကိုကာကွယ်ရန်အတွက် ရုရှားအစိုးရက လာအိုအစိုးရကို Sputnik V ကာကွယ်ဆေးစုစုပေါင်း ၂ သန်းဒို့စ် ထောက်ပံ့မည်ဟု သတင်းများက ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS