18 April 2024

ဓာတ်ပုံ ประชาชาติธุรกิจ

 

အောက်တိုဘာ ၅ ရက်၊ ၂၀၂၁

 

၂၀၂၁ ခုနှစ်တွင် ထိုင်းဘတ်ငွေတန်ဖိုးတောက်လျှောက်ကျဆင်းလျက်ရှိပြီး ၄ နှစ်အတွင်းစံချိန်တင်ကျဆင်း၊ ၁ ဒေါ်လာလျှင် ၃၄ ဘတ်အထိဆိုးရွားနိုင်ခြေရှိမရှိ ကဏ္ဍအသီးသီးစိုးရိမ်နေ။

 

ပြီးခဲ့သည့်နှစ်ဆန်းပိုင်းမှစ၍ အောက်တိုဘာ ၁ ရက်နေ့အထိ ထိုင်းဘတ်ငွေတန်ဖိုးသည် ၁၁.၃ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပြီး အမေရိကန် ၁ ဒေါ်လာလျင် ၃၄ ဘတ်အထိဆိုးရွားနိုင်ခြေရှိသည်ဟု ကရွန်းထိုင်းဘဏ်မှငွေကြေးမဟာဗျူဟာပညာရှင် ဖူ ဝါနစ်ဖိဘွန်ကဆိုသည်။

 

မည်သို့ဆိုစေ ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်လာခြင်း၊ ပြည်တွင်းစားသုံးသူယုံကြည်မှုပြန်လည်အားကောင်းလာခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုသွက်လက်လာခြင်း စသည့်အကြောင်းရင်းများကဘတ်ငွေတန်ဖိုးတရိပ်ရိပ်ကျဆင်းမှုကို ကျားကန်ပေးနေသည်ဟု ၎င်းကဆိုသည်။

 

 

ထို့ပြင် လာမည့် အောက်တိုဘာ ၁၈ ရက်နေ့တွင် အမေရိကန်အစိုးရ၏နိုင်ငံကြွေးမြီမြှင့်တင်ရေးအဆိုပြုချက်ပယ်ချခံရပါက အစိုးရငွေတိုက်စာချုပ်ကြွေးမြီပေးချေရန် သမိုင်းဝင်ပျက်ကွက်မှုဖြစ်လာနိုင်ပြီး အမေရိကန်ဒေါ်လာဈေးနှုန်းကို ပိုမိုမြှင့်တက်သွားစေနိုင်သည်ဟု ငွေကြေးပညာရှင်က ဆိုသည်။

 

တဆက်တည်းတွင် တရုတ်ပြည်တွင်းငွေကြေးအကျပ်အတည်းပြဿနာကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်ရမည်ဟု ၎င်းကမှတ်ချက်ပေးသည်။

 

 

ပြီးခဲ့သည့်အောက်တိုဘာ ၁ ရက်နေ့အထိ ထိုင်းဘတ်ငွေတန်ဖိုးသည် အာရှတိုက်တွင် ဒုတိယအဆိုးရွားဆုံးထိုးကျခဲ့ပြီး မြန်မာကျပ်ငွေက ၃၂.၁၄ ရာခိုင်နှုန်းထိုးကျခဲ့ကာ ဒေသတွင်းအဆိုးရွားဆုံးဖြစ်ခဲ့သည်ဟု သိရှိရသည်။

 

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS