20 April 2024

,

မနေ့ညက Facebook ၆ နာရီကျော်ပျက်သွားလို့

မက် ဇူကာဘက် ဒေါ်လာ ၇ ဘီလီယံကျော်ဆုံးရှုံး !

တစ်ကမ္ဘာလုံး ဖေ့ဘွတ် ၆ နာရီကြာ ပျက်သွားလို့ မက် ဇူကာဘက် ဟာ ပိုင်ဆိုင်မှု ဒေါ်လာ ၇ ဘီလီယံ

ကျော်ဆုံးရှုံးသွားခဲ့ရပြီး နာရီပိုင်းတွင်းမှာ ကမ္ဘာ့အချမ်းသာဆုံးစာရင်း နံပါတ် ၅ နေရာသို့ ရောက်သွားခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် စတော့ရှယ်ယာများ တနင်္လာနေ့က ၅ ရာခိုင်နှုန်းထိုးကျခဲ့ပြီး ၁၅ ရာခိုင်နှုန်းထိ

ဆက်လက်ထိုးကျဖို့ရှိတယ်လို့ Bloomberg ကအစီအရင်ခံပါတယ်။

တစ်ကမ္ဘာလုံး ဖေ့ဘွတ်အသုံးပြုလို့မရတဲ့ ဖြစ်ရပ်ဟာ ၂၀၀၈ ခုနှစ်မှာ တစ်ခါဖြစ်ဖူးပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်ဖေ့ဘွတ် ၆ နာရီကျော် ပျက်ခဲ့တာဟာ မက် ဇူကာဘက် အတွက်

အကြီးမားဆုံး ဆုံးရှုံးမှု တစ်ရပ် ဖြစ်စေခဲ့ပါတယ်။

SHARE THIS NEWS

OTHER NEWS