27 April 2024

ဓာတ်ပုံ MThai, สำนักงานสวัสดิการและคุ้มครองแรงาน

 

အောက်တိုဘာ ၆ ရက်၊ ၂၀၂၁

 

အသက် ၁၅ နှစ်အောက်ကလေးလုပ်သားအလုပ်ခိုင်းစေခြင်းသည် ထောင်ဒဏ်ငွေဒဏ်ချမှတ်နိုင်သည်ဟုထိုင်းအစိုးရရုံး သတိပေး။

 

ဉပဒေသစ်အရ အသက် ၁၅ နှစ်အောက်ကလေးလုပ်သားများကိုအလုပ်ခိုင်းစေနိုင်သည်ဟု ထိုင်းလူမှု ကွန်ရက်ပေါ်တွင် သတင်းအမှားပျံ့နှံ့ခဲ့ပြီးနောက် အသက် ၁၅ နှစ်မပြည့်သေးသည့်ကလေးလုပ်သားများ ကို အလုပ်ခိုင်းစေခြင်းသည် တည်ဆဲဉပဒေအရ ထောင်ဒဏ်ငွေဒဏ်နှစ်ရပ်စလုံးချမှတ်နိုင်သည်ဟု ထိုင်းအလုပ်ရှင်များကို ထိုင်းအစိုးရရုံးကသတိပေးထုတ်ပြန်ထားသည်ဟု The Bangkok News သတင်း ဌာနမှဖော်ပြထားသည်။

 

 

လက်ရှိတည်ဆဲဉပဒေဖြစ်သည့် အလုပ်သမားကာကွယ်ရေးဉပဒေ ဘီအီး ၂၅၄၁ တွင် “အလုပ်ရှင်သည် အသက် ၁၅ နှစ်အောက်ကလေးလုပ်သားများအား အထွေထွေအလုပ်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ တွင် အလုပ်ခိုင်းစေခြင်းမပြုရ” ဟု ဖော်ပြထားသည်ကြောင်း သတိပေးထားသည်။

 

အလားတူ “အသက် ၁၈ နှစ်အောက်ကလေးလုပ်သားများကို ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရေထွက်ကုန်နှင့်ဆက်စပ်လုပ်ငန်း နှင့် ရေထွက်ကုန်ကုန်ချောထုတ်လုပ်သည့်လုပ်ငန်းများတွင် အလုပ်ခိုင်းစေခြင်းမပြုရ” ဟု ပြဌာန်းထားကြောင်း ဆက်လက်ရှင်းပြထားသည်။

 

အဆိုပါ ကလေးလုပ်သားအလုပ်ခိုင်းစေခြင်းဉပဒေပုဒ်မများကိုကျူးလွန်လျှင် လုပ်သားတစ်ဦးအတွက် ၄ နှစ်ထက်မပိုသောထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ဘတ် ၄ သိန်း မှ ဘတ် ၂ သန်း သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS