17 April 2024

ရွှေ့ပြောင်းလုပ်သား ၃ အုပ်စုရဲ့နေထိုင်ခွင့်အထောက်အထားတွေကို ဖြေလျှော့ခွင့် ထပ်တိုးပေးဖို့ထိုင်းဝန်ကြီးများက သဘောတူညီချက်ပေးထားပါသည်။

၂၀ ရက်နေ့ သြဂုတ် ၂၀၁၉ အုပ်စု၊ ၄ ရက်နေ့ သြဂုတ် ၂၀၂၀ အုပ်စုနဲ့ ၁၀ ရက်နေ့ နိုဝင်ဘာ ၂၀၂၀ အုပ်စုရဲ့ကိုင်ဆောင်ထားကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အထောက်အထားတွေမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ထိုင်းနိုင်ငံတွင် (အထူး) နေထိုင်ခွင့်ကို ဇူလိုင် ၂၇ ရက်နေ့ ၂၀၂၂ အထိပေးထားပြီးတော့ သက်တမ်းတိုးဖို့ကျန်ရှိနေသေးတဲ့ ဆောင်ရွက်ချက်များကို လုပ်ဆောင်သွားရင်း ပြီးစီးပါက ၁၃ ရက်နေ့ ဖေဖော်ဝါရီ ၂၀၂၃ အထိရရှိမှာဖြစ်ပါတယ်။

အလုပ်ရှင်ပြောင်းခြင်းကိစ္စကို ရက် ၃၀ ကနေ ၆၀ ရက်သတ်မှတ်

ထိုင်းအလုပ်သမားဝန်းကြီးက ရွှေ့ပြောင်းလုပ်သားတွေရဲ့အထောက်အထားတွေကို ပြီးပြတ်အောင် ဆောင်ရွက်မပေးနိုင်ရခြင်းရဲ့ အကျိုးဆက်ဟာ လက်တလောကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါတွေကြောင့် ဖြစ်ပါတယ်။

ကျန်းမာရေးစစ်ပေးတဲ့နေရာတွေ အခက်ခဲ့ရှိတာရယ်။ ဗီဇာထုပေးတဲ့နေရာနဲ့ ပန်းရောင်ဘတ်ကတ် ထုတ်ပေးတဲ့နေရာတွေမှာ အခိုက်အတန့်ရှိနေတာကြောင့် အထောက်အထားကုန်ဆုံးနေမှုများနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

 

 

ယခင်က ကျန်းမာရေးစစ်ဖို့ အချိန်တိုးပေးခဲ့တာလဲ လာမည့် ဇူလိုင် ၃၁ ရက်နေ့ ၂၀၂၁ နဲ့ ၃၀ စက်တင်ဘာလ ၂၀၂၁ သို့မဟုတ် ကိုင်ဆောင်ထားတဲ့အထောက်အထားတွေ ကုန်ဆုံးသည့်နေ့မှစ၍ ၆ လ စသည်များဖြင့် အုပ်စုအလိုက်ကို ဖြေလျှော့ခွင့်ပေးထားခဲ့ပြီးဖြစ်ပါတယ်။

နောက်တစ်ချက်က ကိုဗစ်အကျပ်အတည်းကြောင့် အလုပ်ထွက်လိုက်တာ အလုပ်ရှင်သစ်ကို ရက် ၃၀ အတွင်းမှာ ရှာမရတဲ့ ပြဿနာတွေကြောင့် အထောက်အထားတချို့မှာ သက်တမ်းကုန်ဆုံးမှုနဲ့ ရင်ဆိုင်ကြရတာပါ။

ထိုကြောင့် ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ သက်တမ်းတိုးဆဲကာလမှာ ရှိနေကြတဲ့ အလုပ်သမားတွေရဲ့အထောက်အထားမှာ ကုန်ဆုံးနေကြပြီး တရားမဝင်အလုပ်သမားတွေအဖြစ်ကို မရောက်စေရန်နဲ့ မူရင်းနိုင်ငံက ထုတ်ပေးမယ့် အထောက်အထားအပါအဝင် ဆောင်ရွက်သွားနိုင်ရန်အတွက် ၃ အုပ်စု ရွှေ့ပြောင်းလုပ်သားတွေကို ပုဒ်မ ၁၇ နဲ့ ပုဒ်မ ၁၄ လူဝင်မှုကြီးကြရေးအရ ဆက်လက်နေထိုင်လုပ်ကိုင်သွားခွင့် ပြုပေးသွားမှာပါ။

အုပ်စု ၁
၂၀ ရက်နေ့ သြဂုတ် ၂၀၁၉ အုပ်စုပါ။ ယခင်ဖြေလျှော့ခွင့်ပေးထားသည်မှာ ၂၇ ဇူလိုင်လ ၂၀၂၂ အထိ နေထိုင်ခွင့်ရှိပြီးတော့အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားကာလကို ၃၀ စက်တင်ဘာ ၂၀၂၁ (သို့) ၃၁ မတ်လ ၂၀၂၂ ပါ။ ကျန်ရှိနေသေးတဲ့ အလုပ်လုပ်ကိုင်ခွင့်သက်တမ်း၊ ကျန်းမာရေးစစ်ဆေးခြင်းအပါအဝင်နဲ့ နေထိုင်ခွင့်လျှောက်ထားခြင်း၊ အကယ်၍စာအုပ်များသက်တမ်းကုန်ဆုံးနေပါလျှင် ထပ်မံသက်တမ်းတိုးရန်အတွက် ရွှေ့ပြောင်းလုပ်သားမှာ ၂၇ ဇူလိုင်လ ၂၀၂၂ အထိ သက်တမ်းအသစ်တစ်ခုရှိရမည်။ ပြီးစီးဆောင်ရွက်ထားသူဖြစ်ပါက ၁၃ ဖေဖော်ဝါရီ ၂၀၂၃ ရှိရမည်ဖြစ်ကြပါသည်။

အုပ်စု ၂

၄ ရက်နေ့ သြဂုတ် ၂၀၂၀ အုပ်စုပါ။ (ဘော်တော် ၂၃ ) အုပ်စုဖြစ်ပါတယ်။ အဆိုပါအုပ်စုကတော့ မူလအတိုင်း အထောက်အထားပြုလုပ်ခြင်းကို ပုံမှန်အတိုင်း ပြီးစီးတဲ့ဆောင်ရွက်သွားပါ။ ပန်းရောင်ကတ်ရလာပါမည်။ သက်တမ်း ၃၁ မတ်လ ၂၀၂၂ ဖြစ်ပါသည်။ ဆက်လက်နေထိုင်လုပ်ကိုင်သွားလိုပါက ၃၁ မတ်လ ၂၀၂၂ မကုန်ဆုံးမီစပ်ကြားမှာ ဆောင်ရွက်ထားကြပါ။ အကယ်၍ စာအုပ်များသက်တမ်းကုန်ဆုံးနေပါလျှင် ထပ်မံသက်တမ်းတိုးရန်အတွက် ရွှေ့ပြောင်းလုပ်သားမှာ ၂၇ ဇူလိုင်လ ၂၀၂၂ အထိ သက်တမ်းအသစ်တစ်ခုရှိရမည်။ ပြီးစီးဆောင်ရွက်ထားသူဖြစ်ပါက ၁၃ ဖေဖော်ဝါရီ ၂၀၂၃ ရှိရမည်ဖြစ်ကြပါသည်။

အုပ်စု ၃

၁ နိုဝင်ဘာ ၂၀၂၀ ကနေ ၃၁ ဒီဇင်ဘာ ၂၀၂၁ (၄) နှစ်ပြည့် MOU

အလုပ်သမားတွေပါ။ အဆိုပါအုပ်စုကိုတော့ ၂၇ ဇူလိုင် ၂၀၂၁ ရရှိထားပါတယ်။ ကျန်းမာရေးစစ်ခြင်း၊ ဗီဇာသက်တမ်းတိုးခြင်း၊ နေထိုင်လုပ်ကိုင်သွားခြင်းဆောင်ရွက်ရန်အတွက်ပါ။ လုပ်သားမှာ ၂၇ ဇူလိုင်လ ၂၀၂၂ အထိ သက်တမ်းအသစ်တစ်ခုရှိရမည်။ပြီးစီးဆောင်ရွက်ထားပါက သက်တမ်းကုန်ဆုံးသည်နေ့မှစ၍ အသစ် ၂ နှစ်ရရှိမှာဖြစ်ပါတယ်။

အထက်ပါ ၃ အုပ်စုရဲ့ ရွှေ့ပြောင်းလုပ်သားများရဲ့ အထောက် အထားကုန်ဆုံးသွားခြင်းဟာ ဉပဒေ ခွင့်ပြုမိန့်အောက်မှာရှိနေတာပါ။

ဥပမာအားဖြင့် ရက် ၃၀ အတွင်းအလုပ်ရှင်သစ်ရှာမရခြင်း၊ ထိုင်းနိုင်ငံတွင် (အထူး) နေထိုင်ခွင့်ကို ဇူလိုင် ၂၇ ရက်နေ့ ၂၀၂၂ အထိပေးထားခြင်း၊ ရွှေ့ပြောင်းလုပ်သားမှာ ၂၇ ဇူလိုင်လ ၂၀၂၂ အထိ သက်တမ်းအသစ်တစ်ခုရှိရမည်ဖြစ်ခြင်း။ ပြီးစီးဆောင်ရွက်ထားသူဖြစ်ပါက ၁၃ ဖေဖော်ဝါရီ ၂၀၂၃ ရှိရမည်ကိစ္စမှာ ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိကြပါ။ ဖော်ပြပါအုပ်စုတို့ ၂၉ ဒီဇင်ဘာ ၂၀၂၀ အုပ်စုများမပါဝင်ပါ။ အဆိုပါအုပ်စုတို့သည်။ ၄ ဇွန် ၂၀၂၁ အစိုးရဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်သွားကြရန်။

မြန်မာ၊ လာအို ကမ္ဘောဒီးယား အလုပ်ထွက်သည်နေ့မှစ၍အလုပ်ရှင်သစ်ရှာဖွေရန် ရက်ပေါင်း ၆၀ ထိုးထားပေးသည်။

(Certificate of Identity : CI) စာအုပ်ထုတ်ပေးခြင်း ကိစ္စကို မြန်မာသံရုံးဘက်က ထုတ်ပေးသွားမှာပါ။ သက်တမ်းတွေလဲ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ (Certificate of Identity : CI) စင်တာ ၅ ခု ဖွင့်ပေးဖို့ရှိပါတယ်။ စမုဆာခွန်၊ စမုပရာကန်၊ ရနောင်း၊ ချွန်ဘူရီနဲ့ ချင်းမိုင်တို့မှာဖြစ်တယ်ဟု ထိုင်း ဒု-ညွှန်ကပြောပါတယ်။ စင်တာများကိုတော့ ကဘိနက်များ ခွင့်ပြုသဘောတူတဲ့နေ့မှစ၍ ၂၇ ဇူလိုင် ၂၀၂၃ အထိဖွင့်ပေးသွားမှာဖြစ်ပါတယ်။

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS