19 April 2024

ပြည်တွင်းက ကာကွယ်ဆေး အပြည့်ထိုးထားပြီးတဲ့သူတွေအနေနဲ့ လာမယ့်နိုဝင်ဘာလ ၁ ရက်နေ့က စလို့ ထိုင်းနိုင်ငံအနှံ သွားလာနိုင်တော့မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

.

ဒါ့အပြင် ထိုင်းအစိုးရက ကိုဗစ်ကူးစက်မှုနည်းတဲ့ ၁၀ နိုင်ငံက ခရီးသွားတွေကို ကာကွယ်ဆေး အပြည့်ထိုးထားပြီးကြောင်းလက်မှတ်နဲ့ ကိုဗစ်မရှိကြောင်း စစ်ဆေးထားပြီးတဲ့ လက်မှတ်ပြရုံနဲ့ အလွယ်တစ်ကူ ကွာရန်တင်း ဝင်စရာမလိုဘဲ ထိုင်းနိုင်ငံတွင်း ဝင်ရောက်လည်ပတ် ခွင့်ပေးဖို့ စီစဉ်နေပါတယ်။

ထိုင်းပြည်သူတွေအနေနဲ့ ကာကွယ်ဆေးအပြည့်ထိုးထားပြီးပါက လာမည့် နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံအနှံ့လည်ပတ်ခွင့်ရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

.

နိုဝင်ဘာလ ၁ ရက်နေ့ နိုင်ငံပြန်လည် ဖွင့်လှစ် ပေးတာနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံဟာ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေး အပြည့်ထိုးပြီးပါက လာမည့် ၂၀၂၂ ခုနှစ်မှာ ကိုဗစ်မတိုင်ခင်ကလို ပုံမှန်ပြန်ဖြစ်တော့မှာ လို့မှန်းဆနိုင်ပါတယ်။

SHARE THIS NEWS

OTHER NEWS