26 April 2024

———————————-

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၁

 

ကန်ကျနဘူရီခရိုင်ကနေ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်လာတဲ့ မြန်မာနှစ်အုပ်စု လူ ၃၃ ဦးကိုဖမ်းဆီးမိ၊ ဗန်ကောက်၊ စမုဆာခွန်ခရိုင်၊ စမုပရာကန်ခရိုင်နဲ့ ဘန်ပုံကိုသွားမည်ဟုသိရ

 

 

အောက်တိုဘာ ၁၉ ရက်၊ သတင်းရရှိချက်အရ ထိုင်းနယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနှစ်အုပ်စုကို ဖမ်းဆီးမိထားတယ်လို့ သိရပါတယ်။

 

 

ပထမဦးဆုံးမြန်မာ ၅ ဦးကိုအရင်ဖမ်းမိခဲ့ပါတယ်။ သူတို့ကို မူ ၂ ဘန်ကောင်ကျေးရွာအုပ်စု၊ ကန်ကျနဘူရီမြို့နယ်၊ ကန်ကျနဘူရီခရိုင်မှာဖမ်းဆီးရမိခဲ့တာပါ။ ဝင်ရောက်ဖမ်းစဥ်လမ်းပြဖြစ်သူ ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။ မြန်မာ ၅ ဦးထဲမှာ ပဲခူးကနေ ၂ ဦး၊ ရန်ကုန် ၃ ဦးတို့ဖြစ်ပြီး၊ ဗန်ကောက်ကိုသွားဖို့ တစ်ဦးလျှင် ၂၅၀၀၀ ဘတ်ပေးခဲ့ရတယ်လို့ ဖမ်းမိတဲ့မြန်မာတွေထံကသိရပါတယ်။

 

 

ဒုတိယမြန်မာအုပ်စုကတော့ မူဘန့်ချိုင်ပါကျေးရွာ၊ စီမွန်ခွန်ကျေးရွာအုပ်စု၊ ဆိုင်ယို့မြို့နယ်၊ ကန်ကျနဘူရီခရိုင်မှာဖမ်းမိခဲ့တာလို့သိရပါတယ်။ သံသယဖြစ်စရာလူအုပ်စုတစ်စုတွေ့တယ်လို့ သတင်းပေးပို့ချက်အရ အာဏာပိုင်တွေသွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။

 

 

အခင်းဖြစ်တဲ့နေရာကိုရောက်သွားတော့ တောတွင်းမှာပုန်းနေတဲ့မြန်မာ ၂၈ ဦးကိုတွေ့တော့၊ ထိုင်းအာဏာပိုင်တွေကထွက်ပြေးလို့မရအောင် ပိတ်ဆို့ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၅ ဦးတို့ဖြစ်ကြပါတယ်။ ပဲခူး ၂၄ ဦး၊ မကွေး ၁ ဦး၊ မွန်ပြည်နယ်က ၁ ဦးနဲ့ ရန်ကုန်က ၂ ဦီးဖြစ်ပြီး၊ ထိုင်းနိုင်ငံ စမုဆာခွန်ခရိုင်၊ စမုပရာကန်ခရိုင်၊ ဘန်ပိုမြို့၊ ရာချာဘူရီခရိုင်တွေမှာအလုပ်သွားလုပ်ဖို့ တစ်ဦိးလျှင် ၁၇၀၀၀-၁၈၀၀၀ ဘတ်ကုန်ကျခဲ့တယ်လို့ အလုပ်သမားထံကသိရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

ข่าวภูมิภาคกาญจนบุรี

SHARE THIS NEWS

OTHER NEWS