26 April 2024

,

၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ကာတာက ဒေးဗစ် ဘက်ခမ်းကို သံတမန်ခန့်အပ်မည်

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁

ကာတာအစိုးရအာဏာပိုင်တွေဟာ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ် ဘက်ခမ်းကို ပေါင်သန်း ၁၅၀ တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုပြီး သံတမန် ရာထူး ခန့်အပ် တော့မယ်လို့ စံတော်ချိန်ဒစ်ဂျစ်တယ်သတင်းဌာနနကဖော်ပြထားပါတယ်။

ဒေးဗစ်ဘက်ခမ်းနဲ့ ကာတာအစိုးရအာဏာပိုင်တွေအကြားမှာ သံတမန်ရာထူးခန့်အပ်မယ့် စာချုပ်နဲ့ ပတ်သက်လို့ အချက်အလက်သဘောတူညီမှုရထားပြီးပြီဖြစ်ကာ အသေးစိတ်အချက်အလက်နဲ့ တရား ဝင်သတင်းထုတ်ပြန်မှုတွေကိုတော့ ရှေ့လာမယ့် နိုဝင်ဘာလကိုရောက်မှ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတစ်ရပ်အဖြစ် ဘောလုံးအားကစားလောကမှာ အခု အချိန်ထိ ပုံရိပ်တစ်ခုတည်ထောင်ထားနိုင်ဆဲဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းကို သံတမန်ခန့်ဖို့ ကာတာက ရွေး ချယ်လိုက်တာဖြစ်ကြောင်း သတင်းတွေက ဆိုပါတယ်။ကာတာရဲ့နိုင်ငံခြားခရီးသွားလုပ်ငန်းနဲ့ သမိုင်းကြောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ဒေးဗစ်ဘက်ခမ်းက သံတမန်အဖြစ်ဆောင်ရွက်ပြီး ပုံရိပ်မြှင့်တင်ပေးသွားရမယ်လို့ သိရှိရပါတယ်။

ကာတာဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိလို့ နာမည်ပျက်ထွက်နေပြီး အဲ့ဒီလိုနိုင်ငံအတွက် သံတမန်လုပ်ပေးဖို့ တာဝန်ယူလိုက် တာကြောင့် ဘက်ခမ်းကိုလည်း ဝေဖန်တာတွေ ရှိနေပြီဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS