23 April 2024

,

ဓာတ်ပုံ PPTVHD36

အောက်တိုဘာ ၂၅ ရက်၊ ၂၀၂၁

ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လန်ဒန်ဒါဘီမက်ချ်ပွဲစဉ်မှာ လှဲကျနေတဲ့ လီဗာပူးလ်အသင်းသားကာတစ် ဂျွန်အား ဘောလုံးနဲ့ပိတ်ကန်ခဲ့တဲ့ ရိုနာဒိုလ်ကို အနီကတ်ပေးသင့်တယ်လို့ ကလော့ပ် ဆို။

တနင်္ဂနွေညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အနီရောင်တိုက်ပွဲမှာ အိမ်ရှင် သရဲနီအသင်းဟာ ၁၂၆ နှစ်အတွင်းအဆိုးရွားဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပြီး ပွဲကစားချိန် မိနစ် ၉၀ အတွင်းမှာ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ၅ ဂိုးပြတ်နဲ့ ရုပ်ပျက်ဆင်းပျက်အရေးနိမ့်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ရှုံးမဲမဲနေတဲ့ တကျော့ပြန်မန်ယူတိုက်စစ်မှူး ရိုနာဒိုလ်ဟာ ဒေါသကိုမထိန်းနိုင်ဘဲ မြေပြင်ပေါ်မှာလှဲကျနေတဲ့ ပြိုင်ဘက်အသင်းသား ကာတစ် ဂျွန်ကို ဘောလုံးနဲ့ပိတ်ကန်ခဲ့ပေမဲ့ အနီကတ်နဲ့ လွဲချော်ခဲ့ပါတယ်။

သရဲနီကြယ်ပွင့်ကစားသမားရဲ့လုပ်ရပ်ကြောင့် လီဗာပူးလ်းအသင်းသားတွေကို စိတ်မကျေနပ်မှုဖြစ် စေခဲ့သလို ဒိုလေးကိုအနီကတ်ပေးဖို့ ကွင်းလယ်ဒိုင်လူကြီး တာဝန်ပျက်ကွက်ခဲ့တယ်လို့ လီဗာပူးလ် နည်းပြကြီး ကလော့ပ် ကမှတ်ချက်ပေးပါတယ်။

“သေချာတာပေါ့ ဒါဘောလုံးကစားနေတာပါ ဒါပေမဲ့ ကျနော့အမြင်မှာတော့ အဲသလို (အနီကတ်) ဖြစ်သင့်တယ်” လို့ နည်ပြကြီးက ပွဲအပြီးမှာ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

သတင်း ဝမ်းဇီ

SHARE THIS NEWS

OTHER NEWS