28 March 2024

,

ဓာတ်ပုံ PSG,Laliga

ပီအက်စ်ဂျီမှာ မက်ဆီဂိုးပေါက်ပျောက်နေတဲ့အကြောင်းရင်းကို သီယာရီ အွန်နရီ ထောက်ပြ။

ပြင်သစ်လီဂူးထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကိုပြောင်းရွှေ့လာတဲ့နောက်မှာ အာဂျင်တီးနားကြယ်ပွင့်ကစားသမားကြီး လီယိုနယ် မက်ဆီ ဂိုးပေါက်ပျောက်ဆုံးနေတဲ့အကြောင်းရင်းကို ပြင်သစ်ကန္ထဝင်တိုက်စစ်မှူး သီယာရီ အွန်နရီက ထောက်ပြခဲ့ပါတယ်။

မက်ဆီကိုနေရာချပေးထားတာ မှားနေတယ်လို့ သူ့ရဲ့ဘာစီလိုနာအသင်းဖော်ဟောင်း အွန်နရီက ဆိုပါတယ်။“မက်ဆီအထီးကျန်နေပြီး ဘောလုံးနဲ့ထိတွေ့မှုမရှိသလောက်ပါပဲ” ဆိုပြီး Amazon Prime ကိုပြောကြားခဲ့ပါတယ်။

“သူစိတ်ပျက်နေတယ်လို့ကျနော်မဆိုလိုပါဘူး သူကစားတဲ့နေရာဟာအထီးကျန်နေတယ်လို့ကျနော်မြင်တယ်” လို့ဆိုပါတယ်။

“သူ့ကိုအလယ်မှာကစားစေချင်တယ် ညာစွန်နေရာကနေသူအပြောင်းအလဲဖန်းတီးနိုင်မယ်လို့ကျနော်ထင်တယ်” လို့ အာဆင်နယ်ဂိုးသွင်းစက်ဟောင်းက ဆက်လက်မှတ်ချက်ပေးခဲ့ပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS