14 April 2024

,

၂၀၂၂ ယူ-၂၃ အာရှဖလားခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် လာမယ့် အောက်တိုဘာ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှာ လာအိုယူ-၂၃ အသင်းနဲ့ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မှာ အနိုင်ရခဲ့လျှင် ဘတ် ၁ သန်းဆုကြေးချီးမြှင့်မယ်လို့ ထိုင်းယူ-၂၃ အသင်းမန်နေဂျာ မာဒမ်ပန် က မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာ လာမယ့်ဆူဇူကီးဖလားပြိုင်ပွဲမှာအသင်းပြင်ဆင်ချိန်ပိုမိုရရှိစေဖို့ ထိုင်းလိဂ်ပွဲစဉ်တွေကိုရွေ့ဆိုင်းပေးဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်ဉက္ကဋ္ဌကို မာဒမ်ပန်က တိုက်တွန်းခဲ့ပါတယ်။

ထိုင်းယူ-၂၃ အသင်းဟာ အာရှခြေစစ်ပွဲ ပွဲဦးထွက်မှာ အိမ်ရှင်မွန်ဂိုလီးယားအသင်းကို ၁- ၁ ဂိုးရလဒ်နဲ့သရေခဲ့တာကြောင့် ခြေစစ်ပွဲအောင်နိုင်ရေးအတွက် လာအိုနဲ့ပွဲစဉ်မှာ အနိုင် ၃ မှတ်ရယူဖို့လိုပါတယ်။

မှန်းထားတာနဲ့နှမ်းထွက်မကိုက်ခဲ့တဲ့အကြောင်းရင်းကတော့ အသင်းပြင်ဆင်ချိန်နည်းလို့ဖြစ်ပါတယ်။ လက်ရှိအသင်းလိုက်စုစည်းမှုအရ အသင်းကိုအချိန်ယူပြင်ဆင်လာတဲ့ လာအိုအသင်းကို အကြိတ်အနယ် ကစားရဖွယ်ရှိပါတယ်။

“အသင်းပြင်ဆင်ချိန်အနည်းငယ်သာရခဲ့ပေမဲ့ ကလေးတွေဒီလောက်ကစားနိုင်တာ ချီးကျူးစရာကောင်းသလို အားပေးဖို့လည်းလိုပါတယ်” ဆိုပြီး သူမဆိုပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS