13 April 2024

,

ဖရဲ့ ယူနိုက်တက်အသင်းကို ၃ ဂိုးပြတ်အနိုင်ရရှိသည့်ပွဲစဉ်တွင် မြန်မာ့စီဒီအမ်တိုက်စစ်မှူးအောင်သူ ၁ ဂိုးဖန်တီး

ယမန်နေ့ညနေ ၆ နာရီအချိန်မှာ Chang FA Cup လိဂ်ဖလား ၆၄ သင်းအဆင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစား ခဲ့ကြတဲ့ ဖရဲ့ ယူနိုက်တက်အသင်းနဲ့ဘူရီရမ် ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ စီဒီအမ်ဝင်ထားတဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူအောင်သူက ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဒီပွဲစဉ်မှာ အာရှအဆင့်ရှိဘူရီရမ် ယူနိုက်တက်အသင်းက ပြည်တွင်းအဆင့်သာရှိသေးတဲ့ အိမ်ရှင်အသင်းကို ၃ ဂိုးပြတ်အသာစီးရယူနိုင်ခဲ့ပြီး အောင်သူက ဒုတိယဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။

အဆိုပါ နိုင်ပွဲကြောင့် ဘူရီရမ်အသင်းဟာ ၃၂ သင်းအဆင့်ကို အလွယ်တကူတက်လှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘူရီရမ် ယူနိုက်တက်အသင်းအနေနဲ့ မနက်ဖန် (အောက်တိုဘာ ၂၈ ) မှာ ထိုင်းလိဂ်ပွဲစဉ် ၁၀ အဖြစ်ထိုင်းလိဂ်ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ မြောင်တောင် ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမယ်လို့ အသင်းရဲ့မူကွန်ရက်စာမျက်နှာဖော်ပြထားပါတယ်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS